ဒေါပုံ ဧပြီ ၁၆
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ပြည်သူများဘေးအန္တရာယ်အပေါင်းက ကင်းရှင်းစေရန်ရည်ရွယ်၍ ဇီဝိတဒါနငှက်လွှတ်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ ဗိုလ်တထောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လွင်နှင့်အဖွဲ့ဝင်များ၊ ဗိုလ်တထောင်ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ဝင်းကြည်နှင့်အဖွဲ့ဝင်များက ဇီဝိတဒါနအဖြစ် ငှက်များလွှတ်ခဲ့ကြ ပါသည်။ ဆက်လက်၍ ဒေါပုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးထက်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေါပုံမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မေဇင်ဖြိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အသင်းအဖွဲ့များမှ တာဝန်ရှိသူများက ဇီဝိတဒါနအဖြစ် ငှက်များလွှတ်ခဲ့ကြပါသည်။ ထို့နောက် ငှက်လွှတ်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် မြို့နယ်အတွင်းရှိပြည်သူများအား မုန့်လက်ဆောင်းစတုဒိသာများဖြင့် ဧည့်ခံကျွေးမွေးကာ မဟာသင်္ကြန်အတက်နေ့ကို ကုသိုလ်ယူဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ချစ်စုဝေ (ပြန်/ဆက်)