လှည်းကူး ဧပြီ ၁၆
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးခရိုင် လှည်းကူးမြို့နယ်တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်အတက်နေ့ကို ရိုးရာယဉ်ကျေးမှုနှင့်အညီ အေးချမ်းစွာရေကစားခြင်းနှင့် စတုဒိသာကျွေးမွေးခြင်းများကို ယနေ့နံနက်ပိုင်းက လှည်းကူးမြို့ စတုဒိသာသင်္ကြန်မဏ္ဍပ်၌ ကျင်းပကြောင်းသိရသည်။
မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အတက်နေ့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲထွန်းနောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများက ရိုးရာမပျက်သပြေခက်ဖြင့်ရေပက်ခဲ့ကြပြီး သင်္ကြန်ချစ်ပြည်သူများအား စတုဒိသာများကျွေးမွေးခဲ့ကြောင်း သိရသည်၊၊
အေးအေးနွဲ့(ပြန်/ဆက်)