ဒဂုံတောင် ဧပြီ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ မဟာသင်္ကြန်ကာလအတွင်း မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ အစဥ်အလာမပျက် အေးချမ်းစွာရေပက်ကစားခြင်းနှင့် သင်္ကြန်ချစ်သူပြည်သူများကို စတုဒိသာကျွေးမွေးခြင်းများကို ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် ပြည်ထောင်စုလမ်းရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ စတုဒိသာသင်္ကြန်မဏ္ဍပ်၌ အကြိုနေ့မှစ၍ နေ့စဉ်ကျင်းပပြုလုပ်ကြကြောင်းသိရသည်။
ထိုသို့ကျင်းပပြုလုပ်ရာ မဟာသင်္ကြန်ပွဲတော်အတတ်နေ့ ယနေ့နံနက် ၈ နာရီမှစတင်ကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်ပြည်သူများက ရိုးရာမပျက် ရေပက်ကစားကြပြီး သင်္ကြန်ချစ်သူပြည်သူများအား စတုဒိသာများကျွေးမွေးကြကြောင်းနှင့် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်အတွင်းရှိ ရပ်ကွက်များ၌လည်း မြန်မာ့ရိုးရာမဟာသင်္ကြန်ကို အေးချမ်းစွာရေပက်ကစားခြင်း၊ စတုဒိသာများကျွေးမွေးခြင်း၊ ဥပုဒ်သီလ ဆောက်တည်ခြင်းများဖြင့် အေးချမ်းစွာဆင်နွှဲကြောင်း သိရှိရသည်၊၊
သန်းသန်းအေး(ပြန်ဆက်)