ဘိုကလေး ဧပြီ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ စုပေါင်းကာ ယနေ့သင်္ကြန်အတက်နေ့ညနေ၌ ရိုးရာအစဉ်အလာမပြတ် သနပ်ခါးသင်္ကြန်ဆော့ကစားခြင်းနှင့် စတုဒီသာကျွေးမွေးမှုများ ဆောင်ရွက်ခဲ့သည်။
ဘိုကလေးမြို့နယ်၏ သနပ်ခါးသင်္ကြန်ဆော့ကစားခြင်းနှင့် စတုဒီသာကျွေးမွေးမှုများသို့ ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်လင်းနှင့်ဇနီး တက်ရောက်ဆော့ကစားခဲ့ပြီး ၎င်းတို့နှင့်အတူ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာ အသီးသီးမှ လှပျိုဖြူများတက်ရောက်၍ အပြန်အလှန်သပြေခက်ဖြင့် ယဉ်ကျေးသိမ်မွေ့စွာ ရေဖျန်းပက်ခြင်း၊ နံသာလိမ်းခြယ်ခြင်းများ ဆောင်ရွက်ခဲ့ကြပြီး စတုဒီသာကျွေးမွေးမှုများအား အားတက်သရော ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)