၁၃၈၇ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့၌ အဘိုးအဘွားများအား သက်ကြီးပူဇော်ပွဲ ကျင်းပပြုလုပ်

ရေနံချောင်း       ဧပြီ     ၁၇

မကွေးတိုင်းဒေသကြီး၊ချောက်ခရိုင်၊ရေနံချောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊  ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ NGO အဖွဲ့အစည်းများ မှ တာဝန်ရှိသူများ က သက်ကြီးအဘိုး၊ အဘွားများ အား သက်ကြီးပူဇော်ပွဲကျင်းပပြုလုပ်မှုကို ရေနံချောင်းမြို့ ရှိ အေးသီတာဘိုးဘွားရိပ်သာ ၌ ၁၃၈၇ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့ ၊ယနေ့နံနက် ၁၀  နာရီ အချိန်တွင် ပြုလုပ်ခဲ့သည်။

အဆိုပါ သက်ကြီးပူဇော်ပွဲတွင် ရေနံချောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင် နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ က သက်ကြီး အဘိုး၊ အဘွား (၂၇)ဦး အား သက်ကြီးပူဇော်ကန်တော့ငွေများဖြင့်ပူဇော်ခြင်း ၊အားဆေးနှင့်ဆေးဝါးများ ၊ အာဟာရဒါနများ ကုသိုလ်ပြုလှူဒါန်းခဲ့ကြပြီး မြန်မာ့ရိုးရာသနပ်ခါးပွဲတော်အထိမ်းအမှတ် အဖြစ် ပျော်ရွှင်စွာ သနပ်ခါးသွေး၍ အဘွားများ အား လိမ်းခြယ်ပေးခဲ့ကြကြောင်းသိရသည်။

မြို့နယ်ပြန်/ဆက်