မြန်မာနှစ်ဆန်း (၁) ရက်နေ့တွင် ပြင်ဦးလွင်မြို့၌ ကန်တော်လေးကန်ဘောင်အတွင်း ဇီဝိတဒါနငါးလွှတ်ပွဲကျင်းပ

​ပြင်ဦးလွင် ဧပြီ ၁၈

မြန်မာသက္ကရာဇ် ၁၃၈၇ ခု ၊ မြန်မာနှစ်ဆန်း (၁) ရက် ယမန်နေ့ နံနက် (၈) နာရီက မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး (၆) ရှိ ကန်တော်လေးကန်ဘောင်၌ ဇီဝိတဒါနငါးလွှတ်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဇီဝိတဒါနငါးလွှတ်ပွဲအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲထူးနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်အောင်လွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စုစုပေါင်းအင်အား (၁၅၀) ဦးခန့် တက်ရောက်ခဲ့ကြသည်။

အဆိုပါဇီဝိတဒါနငါးလွှတ်ပွဲတွင် ငါးခုံးမနှင့် ရွှေဝါငါးကြင်း ငါးအကောင်ရေ (၂၀၀၀၀) ခန့် ကန်တော်လေးကန်အတွင်းသို့ လွှတ်ပေးနိုင်ခဲ့ပါကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

ခရိုင် (ပြန်/ဆက်)