ကွမ်းခြံကုန်းမြို့နယ်၊ မြန်မာ့ရိုးရာနှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့ ဇီဝိတဒါနငါးလွှတ်ပွဲနှင့် သက်ကြီးဘိုးဘွားပူဇော်ကန်တော့ပွဲ အခမ်းအနားကျင်းပ

ကွမ်းခြံကုန်း ဧပြီ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်မြန်မာ့ရိုးရာနှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့ ဇီဝိတဒါနငါးလွှတ်မင်းပိုင်းရပ်ကွက်၊ မင်းတံတားလမ်းရှိသုံးခွ‌ချောင်းနှင့် တော်ပုလွဲချောင်းဆုံး၌  ဇီဝိတဒါနငါးလွှတ်ပွဲအခမ်းအနားကို  ယမန်နေ့ နံနက် ၈ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ဇီဝိတဒါနငါးလွှတ်ရာတွင်လည်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးပြည့်စုံစိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်ရပ်ကွက်နေပြည်သူများက ငါးမြစ်ချင်း (၁၀၀၀၀)ကောင် အားဇီဝိတဒါနအဖြစ် ချောင်းအတွင်းသို့ လွှတ်ပေးခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ နံနက် ၉ နာရီအချိန်တွင် မြန်မာနှစ်ဆန်းတစ်ရက်နေ့ ကုသိုလ်ဒါနအဖြစ် အသက်(၈၅)နှစ်နှင့်အထက် အဘိုး၊ အဘွား(၇၅)ဦးတို့အား ပူဇော်ကန်တော့ပွဲကို   မြိုနယ်အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးပြည့်စုံစိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ဦးနှင့်ဝန်ထမ်းများ ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်တို့က သက်ကြီးဘိုးဘွားများအား လက်အုပ်ချီမိုးကန်တော့ကြပြီး အဘိုးအဘွားတစ်ဦးလျင် သုံးသောင်းကျပ်၊ အဘိုးအဘွား(၇၅) ဦး အတွက်(၂,၂၅၀,၀၀၀/) (နှစ်ဆယ်နှစ်သိန်းငါးသောင်းကျပ်) အား ဘိုးဘွားများအား ပူဇော်ကန်တော့ခဲ့ကြောင်း သိရသည်။

ဆွေနွယ်(ပြန်/ဆက်)