တောင်ငူမြို့နယ်၌ အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ပူဇော်ပွဲပြုလုပ်

တောင်ငူ ဧပြီ ၁၈

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နတ်သျှင်နောင်အစည်းအဝေးခန်းမ၌ ၁၃၈၇ ခုနှစ် မြန်မာနှစ်ဆန်း ၁ ရက်နေ့ ယမန်နေ့ ညနေ့ပိုင်းတွင် အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲကို ပြုလုပ်ခဲ့သည်။

တောင်ငူမြို့နယ်အတွင်း ဘေးဥပါဒ်အန္တရာယ်ကင်းဝေစေရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးလွင်နှင့် ဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်နှင့် ဝန်ထမ်းများက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နတ်သျှင်နောင်အစည်းအဝေးခန်းမတွင် ဆရာတော်အရှင်မြတ်သံဃာတော်များ ပင့်ဖိတ်၍ ပရိတ်တရားတော်များ ရွတ်ဖတ်ခဲ့သည်။ ထို့ပြင် ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာရုံးများ၊ ရပ်ကွက်နှင့် ကျေးရွာများရှိ ဒေသခံပြည်သူများက မိမိတို့ရပ်ကွက်ကျေးရွာအလိုက် စုရပ်နေရာအသီးသီးတွင် ဆရာတော် အရှင်မြတ်သံဃာတော်များ ပင့်ဖိတ်၍ ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း ပြုလုပ်ကြပြီးပြီး နဝကမ္မအလှူငွေများနှင့် အချိုရည်ဘူးများကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)