အင်းစိန်မြို့နယ်၌ တတိယအကြိမ်မြောက်အသက် (၉၅)နှစ်နှင့်အထက် သက်ကြီးအဘိုး၊ အဘွားများအား ပူဇော်ကန်တော့ပွဲကျင်းပ

ရန်ကုန်  ဧပြီ ၁

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်အတွင်းရှိ သက်(၉၅)နှစ်အထက်သက်ကြီးအဘိုး၊ အဘွား(၄၅)ဦးတို့ အားပူဇော်ကန်တော့ခြင်း အခမ်းအနားကို ဧပြီလ (၁၇)ရက်နေ့၊ နံနက်ပိုင်းက သာသနာ့ဗိမ္မာန်အသစ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမျိုးမြင့်မှ ဦးဆောင်၍ သက်ကြီး ပူဇော်ကန်တော့ချိုးဖြင့် သက်ကြီး အဘိုး၊ အဘွားများအား ကန်တော့ခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသည့် အဘိုး၊ အဘွားများကိုယ်စားအဘိုးတစ်ဦးမှ ဆုံးမသြဝါဒစကား ပြောကြားသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမျိုးမြင့်နှင့် တာဝန်ရှိသူများက ကန်တော့ခံအဘိုး၊ အဘွားများထံသို့ တစ်ဦးလျှင်ငွေကျပ်လေးသောင်းတန်ဖိုးရှိလှူဖွယ် ပစ္စည်းများနှင့် ကန်တော့ငွေကျပ်လေးသောင်းခွဲတို့ကို တစ်ဦးချင်းပေးအပ်လှူဒါန်းခဲ့ကြပြီး အခမ်းအနားသို့ တက်ရောက်နိုင်ခြင်းမရှိသည့် သက်ကြီး အဘိုး၊ အဘွားများကိုလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှတစ် ဆင့်လှူဒါန်းခဲ့ကြကြောင်းလည်းသိရသည်။

ခရိုင်(ပြန်/ဆက်)