ကျောက်ဆည် ဧပြီ ၁၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် မတ်လ (၂၈) ရက်နေ့တွင် လှုပ်ခတ်ခဲ့သော မန္တလေးမြေငလျင်ကြီးကြောင့် ပြည်သူများသောက်သုံးဖူလုံစေရန် ကျောက်ဆည်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရပ်ကွက်၊ ကျေးရွာများသို့ သောက်သုံးရေများ အခမဲ့ပေးဝေလျက်ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် ငလျင်လှုပ်ခတ်မှုကြောင့် ပြည်သူများသောက်သုံးရေဖူလုံစေရန်အတွက် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ နေ့စဉ်သောက်သုံးရေများ လှူဒါန်းလျက်ရှိပြီး မင်းရပ်ရပ်ကွက်တွင် အိမ်ထောင်စု (၁၂၀၇) စု၊ အိမ်ခြေ(၁၁၅၄)အိမ်၊ လူဦးရေ(၁၈၄၀)ဦး၊ ရေဂါလံ(၂၄၀၀)ဂါလံ၊ ဖောင်ရွာရပ်ကွက်တွင် အိမ်ထောင်စု(၈၀၃)စု၊ အိမ်ခြေ(၇၀၀)အိမ်၊ လူဦးရေ(၃၆၅၃)ဦး၊ ရေဂါလံ(၂၄၀၀)ဂါလံ၊ ငှက္ကတောင်ကျေးရွာတွင် အိမ်ထောင်စု(၂၅၀)စု၊ အိမ်ခြေ(၉၀)အိမ်၊ လူဦးရေ(၅၆၁)ဦး၊ ရေဂါလံ(၁၆၀၀)ဂါလံ၊ ဆူးကုန်းရပ်ကွက်တွင် အိမ်ထောင်စု(၈၅၄)စု၊ အိမ်ခြေ(၆၈၆)အိမ်၊ လူဦးရေ(၄၀၀၀)ဦး၊ ရေဂါလံ(၁၆၀၀)ဂါလံ၊ အေးမြကြည်လင်ရပ်ကွက်တွင် အိမ်ထောင်စု(၁၄၉၃)စု၊ အိမ်ခြေ(၁၂၉၈)အိမ်၊ လူဦးရေ(၅၆၉၉)ဦး၊ ရေဂါလံ(၅၆၈၀)ဂါလံ၊ ရဲစုရပ်ကွက်တွင် အိမ်ထောင်စု(၁၅၁၈)စု၊ အိမ်ခြေ(၁၃၅၆)အိမ်၊ လူဦးရေ(၆၆၄၀)ဦး၊ ရေဂါလံ(၄၂၄၀)ဂါလံ၊ အောက်ချိုင်းရပ်ကွက်တွင် အိမ်ထောင်စု(၁၂၀)စု၊ အိမ်ခြေ(၁၂၀)အိမ်၊ လူဦးရေ(၃၀၀)ဦး၊ ရေဂါလံ(၄၀၀၀)ဂါလံများကို ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပေးဝေလျက်ရှိကြောင်း သိရသည်။
သက်မောင်