စလင်း ဧပြီ ၁၉
မကွေးတိုင်းဒေသကြီး မင်းဘူခရိုင် စလင်းမြို့၊ ပုထိုးဖြူရပ်ကွက် ငွေတောင်ဦးကျောင်း ဒို့မေတ္တာ (အခမဲ့) ကုသိုလ်(၈)မျိုး ကျန်းမာရေးနှင့် နာရေးကူညီမှုအသင်းမှ ယနေ့နံနက်ပိုင်းမှ စတင်ကာ နေ့လယ် (၁) နာရီအချိန်အထိ စေတနာရှင်ဆေးဝါးကျွမ်းကျင်သူ ဆရာဝန်များနှင့် ပူးပေါင်းကာ ကျန်းမာရေးချို့တဲ့သူ ရပ်ဝေးရပ်နီးမှ ရဟန်းရှင်လူပြည်သူများအား ဧပြီလဒုတိယပတ် ဆေးကုသပေးလျှက်ရှိကြောင်း သိရသည်။
စလင်းမြို့နယ် ဒို့မေတ္တာ(အခမဲ့)ကုသိုလ်(၈)မျိုး ကျန်းမာရေးနှင့် နာရေးကူညီမှုအသင်းမှ အပတ်စဥ်စနေနေ့တိုင်း (အခမဲ့) စေတနာဆရာဝန်(၄)ဦးနှင့် တိုင်းရင်းဆေးဆရာ(၁)ဦး၊ ဆေးဝါးကျွမ်းကျင်သူ စေတနာရှင်(၃၀)ဦးတို့မှ စုပေါင်း၍ စလင်းမြို့နယ်အတွင်းနှင့် ရပ်ဝေးရပ်နီးမှ ဝေဒနာရှင်ပြည်သူများအား ဧပြီလဒုတိယပတ်ဆေးကုသခြင်းကို စမ်းသပ်စစ်ဆေး စားဆေးသောက်ဆေးများ ပေးဝေ၍ ဆေးကုသပေးရာ ဆေးကုသမှုခံယူသူ ကျန်းမာရေးချို့တဲ့သူ ဝေဒနာရှင်(၃၀၀)ကျော်အား စမ်းသပ်စစ်ဆေး၍ အခမဲ့ဆေးကုသပေးခဲ့ကြောင်း သိရသည်။
စလင်းမြို့နယ် ဒို့မေတ္တာ(အခမဲ့)ကုသိုလ်(၈)မျိုး ကျန်းမာရေးနှင့် နာရေးကူညီမှုအသင်း စတင်တည်ထောင်သည့်နေ့မှစ၍ နှစ်စဥ်/လစဥ် ပြည်သူများမှ ထည့်ဝင်လှူဒါန်းလျှက်ရှိရာ ယနေ့ ဧပြီလ(၁၉)ရက်နေ့အထိ ပြည်သူထည့်ငွေလှူဒါန်းမှုများဖြင့် ကုသပေးခဲ့ကြောင်း ဒို့မေတ္တာအခမဲ့ဆေးခန်းမှ သိရသည်။
မောင်လွင်