မြို့သစ်မြို့၊ မြို့မစျေးကြီးအတွင်း ခရမ်းချဉ်သီးစျေးများ တစ်ပိဿာတစ်ထောင်ကျပ်စျေးဖြင့် စားသုံးသူများ ပုံမှန်ဝယ်ယူစားသုံး

မြို့သစ် ဧပြီ ၂၀

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် စိုက်ပျိုးရေးကို စပါး၊ နှမ်း၊ မြေပဲများသာမက ရာသီအလိုက် ကာလတို/ကာလရှည် သီးနှံမျိုးစုံကို စိုက်ပျိုးလျက်ရှိရာ ခရမ်းချဉ်သီးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်လျှက်ရှိပြီး ရောင်းချချိန်ခရမ်းချဉ်သီးစျေးများ တစ်ပိဿာတစ်ထောင်ကျပ်စျေးဖြင့် စားသုံးသူများ ပုံမှန်ဝယ်ယူစားသုံးကြကြောင်း ခရမ်းချဥ်သီးရောင်းချသူများထံက သိရသည်။

ခရမ်းချဉ်သီးသီးနှံသည် ပျိုးထောင်သည့်အချိန်မှ စတင်ပြီး ခူးဆွတ်ရောင်းချိန်အထိ အမြဲဂရုစိုက်ရသည့် သီးနှံအမျိုးအစားဖြစ်ပြီး စိုက်ပျိုးမြေအမျိုးအစားနှင့် ရာသီဥတုအခြေအနေပေါ်မူတည်၍ ရေသွင်းခြင်း၊ အပင်အားတိုးဆေးနှင့် ပိုးမွှားနှိမ်နင်းဆေးများ အသုံးပြုရကြောင်း စိုက်ပျိုးသူတစ်ဦးထံက သိရသည်။

ခရမ်းချဉ်သီးတစ်ဧကစိုက်ပျိုးပါက ငွေကျပ်ဆယ်သိန်းခန့်ကုန်ကျကြောင်း စိုက်ပျိုးပြီးရက်ငါးဆယ်ဝန်းကျင်တွင် အသီးများစတင်ခူးဆွတ်ရောင်းချရကြောင်း၊ အသီးစတင်ခူးဆွတ်ရာတွင် ပိဿာချိန်နည်းသော်လည်း အသီးလှိုင်ချိန်တွင် တစ်ခါခူးဆွတ်ပါက ပိဿာချိန်(၁ဝဝ)ပိဿာကျော်အထိ ခူးဆွတ်ရကြောင်း၊ (၂)ရက်ခြားတစ်ကြိမ်ခူးဆွတ်ရသဖြင့် နေ့စဉ်နီးပါးဝင်ငွေရကြောင်း၊ ပြီးခဲ့သည့်ရက်ပိုင်းက ခရမ်းချဉ်သီးတစ် ပိဿာ(၀၀၀)စျေးရောင်းချခဲ့ရကြောင်း၊ ယခုလက်ရှိ ရောင်းဈေးအနေဖြင့် ခရမ်းချဉ်သီးတစ်ပိဿာတစ်ထာင်စျေးရောင်းချရကြောင်း ရောင်းချသူတစ်ဦးထံက သိရသည်။

မြို့သစ်မြို့နယ်တွင် စီးပွားဖြစ်ခရမ်းချဉ်သီးစိုက်ပျိုးသူများအနေဖြင့် "ခရမ်းချဉ်ဗမာသီးနှင့် ထိုင်ဝမ်ခရမ်းချဉ်သီးမျိုးများကို အဓိကထားစိုက်ပျိုးကြကြောင်း၊ ဗမာခရမ်းချဉ်သီးမျိုးများသည် အခွံထူအထားခံမျိုးဖြစ်သောကြောင့် စိုက်ပျိုးမည်ဆိုပါက ဦးစွာသဘာဝမြေဩဇာဖြစ်သည့် နွားချေး၊ ကွန်ပေါင်းဓာတ်မြေဩဇာများနှင့် မြေပြုပြင်ထားမှသာ အပင်ဖြစ်ထွန်းမှုကောင်းပြီး အသီးထွက်နှုန်းကောင်းမွန်ကြောင်း သိရသည်။

သန်းဝင်းထွန်း (ပြန်/ဆက်)