ဘိုကလေးမြို့နယ်တွင် (၄၅) ဝါနှင့်အထက် ဆရာတော်ကြီးများအား စတုတ္ထအကြိမ်မြောက် ပူဇော်ပွဲကျင်းပ

ဘိုကလေး ဧပြီ ၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍ မြို့နယ်အတွင်းရှိ (၄၅) ဝါနှင့်အထက် ဆရာတော်ကြီးများအား (စတုတ္ထအကြိမ်) ပူဇော်ပွဲကို ယနေ့နံနက် (၉) နာရီ အချိန်၌ ဘိုကလေးမြို့မ ဆွမ်းလောင်းအသင်းဓမ္မာရုံကြီးတွင် ကျင်းပဆောင်ရွက်သည်။

ပူဇော်ပွဲသို့ ပူဇော်ခံတော်မူမည့် မြို့နယ်တွင်းမှ (၄၅) ဝါနှင့်အထက် ဆရာတော်ကြီး(၅၇)ပါး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ သာသနာ့ဒါယကာ/များ တက်ရောက်ကြပြီး အခမ်းအနားအား မင်္ဂလာအခါတော်ကျမ်းလွှာဖတ်၍ နမောတဿ(၃)ကြိမ်ရွတ်ဆိုကာ ဖွင့်လှစ်ခဲ့သည်။

ထို့နောက် ပူဇော်ပွဲသို့ တက်ရောက်လာကြသူများက မလော့ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူခြင်း၊ ဆရာတော်ကြီးများထံမှ ပရိတ်တရားတော်များ နာယူခြင်းတို့ ဆောင်ရွက်အပြီး၌ အပူဇော်ခံ (၄၅) ဝါနှင့်အထက် ဆရာတော်ကြီးများအား ပူဇော်ကန်တော့ခဲ့ကြသည်။

ပူဇော်ကန်တော့ရာ၌ (၁) ပါးလျှင် နဝကမ္မ ဝတ္ထုငွေ(၃)သိန်း၊ ကန်တော့ခြင်း(၁)ခြင်း ဆက်ကပ်လှူဒါန်းခဲ့ပြီး ကျေးရွာဒေသများမှ ကြွရောက်ခဲ့ကြသော ဆရာတော်ကြီးများအား ခရီးစရိတ်များပါ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း၊ လှူဒါန်းမှုအပြီးတွင် ဘိုကလေးမြို့နယ် မြသိန်းတန်ဆရာတော်ကြီးထံမှ အနုမောဒနာရေစက်ချတရား နာယူခဲ့ကြကြောင်း သိရသည်။

မိုးစက်