သဘာဝဘေးအန္တရာယ်ကြောင့် အခြေခံစားသောက်ကုန်များ၊ ဆေးဝါးများနှင့် အိမ်ဆောက်ပစ္စည်းများ ဈေးနှုန်းတည်ငြိမ်မှုရှိစေရေး လုပ်ငန်းရှင်များအား ခေါ်ယူတွေ့ဆုံညှိနှိုင်း

မကွေး ဧပြီ ၂၆

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင်  သဘာဝဘေးအန္တရာယ်ကြောင့် အခြေခံစားသောက်ကုန်များ၊ ဆေးဝါးများနှင့် အိမ်ဆောက်ပစ္စည်းများ ဈေးနှုန်းတည်ငြိမ်မှု ရှိစေရေးလုပ်ငန်းရှင်များအား ခေါ်ယူတွေ့ဆုံညှိနှိုင်းစည်းဝေးပွဲကို ယနေ့မွန်းလွဲပိုင်းက မကွေးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ မကွေးခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်ထူးက မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် အိုးအိမ်တိုက်တာ အဆောက်အဦးများ၊ လမ်းတံတားများ ပျက်စီးဆုံးရှုံးခဲ့ရပြီး ပြည်သူများ ထိခိုက်နစ်နာမှုများ ရှိခဲ့ပါသည်။ အဆိုပါ သဘာဝဘေးဖြစ်စဥ်ကြောင့် ကုန်ဈေးနှုန်းများ တည်ငြိမ်မှုမရှိဘဲ လိုအပ်သလို ဈေးကစားရောင်းချနေခြင်းများ ကြားသိနေရသဖြင့် မကွေးမြို့တွင် အလားတူ ဖြစ်စဥ်မျိုး မပေါ်ပေါက်စေရေး လုပ်ငန်းရှင်များအား ခေါ်ယူတွေ့ဆုံရခြင်းဖြစ်ကြောင်း၊ ဈေးနှုန်းများ အဆမတန် တိုးမြှင့်ရာင်းချခြင်း မပြုလုပ်ကြရန် ရှင်းလင်းပြောကြားပါသည်။

အဆိုပါ အခမ်းအနားသို့ မကွေးခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးမောင်ထူး၊ ခရိုင်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်‌ရေးမှူးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်‌တော်များနှင့် စီပွားရေးလုပ်ငန်းရှင်များ စုစုပေါင်းအင်အား ၇၀ ဦးခန့် တက်ရာက်ခဲ့ကြာင်း သိရသည်။

မောင်ခိုင်မင်း(ပြန်/ဆက်)