တောင်ကြီးမြို့တွင် Counseling ဆရာဖြစ်သင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

တောင်ကြီး ဇန်နဝါရီ ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ စိန်ဂျိုးဇက်အောက်မေ့ဖွယ် ဓမ္မာရုံတွင် မြန်မာနိုင်ငံ ရင်ခွင်မဲ့ကလေးများ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း (ဗဟို) Myanmar Association for Prevention, Care and Protection of Abandoned Children (Central) နှင့် မြန်မာနိုင်ငံ ရင်ခွင်မဲ့ကလေးများ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း (ရှမ်းပြည်နယ်)တို့ ပူးပေါင်း၍ ရင်ခွင်မဲ့ကလေးငယ်များနှင့် တစ်ကိုယ်ရည် မိခင်များအတွက် မှန်ကန်သောရွေးချယ်မှု ကိုယ်တိုင်ဆုံးဖြတ် လုပ်ဆောင်နိုင်ရန် နှစ်သိမ့်ဆွေးနွေးသော Counseling ဆရာဖြစ်သင်တန်းဖွင့်ပွဲ အခမ်းအနားကို   ယမန်နေ့ နံနက် ၉ နာရီအချိန် ကျင်းပြုလုပ်သည်။

အခမ်းအနားတွင် မြန်မာနိုင်ငံရင်ခွင်မဲ့ကလေးများ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း (ဗဟို)မှ အထွေထွေအတွင်းရေးမှူး ပါမောက္ခဒေါက်တာမြသီတာ က အဖွင့်အမှာစကား ပြောကြား ရာတွင် ယခုသင်တန်းသည် အသင်းသူ၊ အသင်းသားများအတွက် Counseling ဟုခေါ်သော နှစ်သိမ့်ဆွေးနွေး အကြံပေးသည့် စွမ်းရည်မြှင့်တင်ပေးသည့် သင်တန်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံရင်ခွင်မဲ့ ကလေးများ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း ဖွဲ့စည်းပြီးနောက် လုပ်ငန်းများ အကောင်အထည်ဖော်ရန်နှင့် အသင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်းသားများ၏ စွမ်းဆောင်ရည် မြင့်မားရန် လိုအပ်သည့် အတွက် ဗဟိုမှ ဦးဆောင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အသင်း၏ ရည်ရွယ်ချက်တွင်လည်း ရင်ခွင်မဲ့ ကလေးများ လျှော့ချရေးဖြစ်ပြီး၊ ရင်ခွင့်မဲ့များအား ကာကွယ်စောင့်ရှောက်ရေး ဆိုသည့်အချက်များ ပါဝင်ကြောင်း၊ လျော့ချဖို့ ဆောင်ရွက်ရာတွင် တစ်ကိုယ်ရည်မိခင်များအား မစွန့်ပစ်အောင် နှစ်သိမ့်ဆွေးနွေးပေးရန် Counseling ပညာလိုအပ်သည့်အတွက် သင်တန်းများပြုလုပ်ပေး ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး၊ ရင်ခွင်မဲ့ကလေးများလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသင်း(ရှမ်းပြည်နယ်) အထောက်အကူပြုအဖွဲ့ဝင် ဒေါ်နန်းရွှေမြင့် က အဖွင့်အမှာစကား ပြောကြားပြီး သင်တန်းနည်းပြဆရာမ ပါမောက္ခဒေါက်တာအေးမြလွင်က သင်တန်း၏ ရည်ရွယ်ချက်များနှင့် သင်ခန်းစာပို့ချမည့် အစီအစဉ်များအား ရှင်းလင်းပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံ ရင်ခွင်မဲ့ကလေးများ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသင်း(ဗဟို)မှ အထွေထွေအတွင်းရေးမှူး ပါမောက္ခဒေါက်တာမြသီတာနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရင်ခွင်မဲ့ ကလေးများ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း (ရှမ်းပြည်နယ်)၊ ဌာနဆိုင်ရာများ၊ ရှမ်းပြည်နယ် အထောက်အကူပြုအဖွဲ့ဝင် ဒေါ်နန်းရွှေမြင့်နှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် သင်တန်း နည်းပြနှင့် သင်တန်းသား၊ သင်တန်းသူများ တစ်ဦးချင်း အပြန်အလှန် မိတ်ဆက်ခဲ့ကြပြီး သင်တန်းသားများ နှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး ခဲ့ကြသည်။

ရင်ခွင်မဲ့ကလေးငယ်များနှင့် တစ်ကိုယ်ရည်မိခင်များအတွက် မှန်ကန်သောရွေးချယ်မှုကို ကိုယ်တိုင်ဆုံးဖြတ် လုပ်ဆောင်နိုင်ရန် နှစ်သိမ့်ဆွေးနွေးသော Counseling ဆရာဖြစ် သင်တန်းကို (၁ဝ-၁-၂ဝ၂ဝ) ရက်နေ့မှ (၁၂-၁-၂ဝ၂ဝ) ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းနှင့် ရှမ်းပြည်တောင်ပိုင်းရှိ မြို့နယ်များမှ သင်တန်းသား၊ သင်တန်းသူ (၃၂)ဦး တက်ရောက်ကြမည် ဖြစ်ကြောင်း သိရသည်။

အခမ်းအနားသို့ မြန်မာနိုင်ငံရင်ခွင်မဲ့ကလေးများ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း(ဗဟို)မှ အထွေထွေ အတွင်းရေးမှူး ပါမောက္ခဒေါက်တာမြသီတာနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရင်ခွင်မဲ့ ကလေးများ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း (ရှမ်းပြည်နယ်)၊ အထောက်အကူပြုအဖွဲ့ဝင် ဒေါ်နန်းရွှေမြင့်နှင့် ပြည်နယ်ဝန်ကြီးများ၏ဇနီးများ၊ အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင်၊ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး၊ ရှမ်းပြည်နယ် အမျိုးသမီးကော်မတီဉက္ကဋ္ဌ ဒေါက်တာ အောင်သန်းမောင်၊ ရှမ်းပြည်နယ် လူမှုဝန်ထမ်း ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးထွန်းဦးနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြ၊ သင်တန်းသား၊ သင်တန်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။

မြင့်သန်းဦး(ပြန်/ဆက်)