မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT မှ မိုဘိုင်းလ်ဖုန်း အသိပညာပေးဟောပြောခြင်းနှင့်ဆွေးနွေးပွဲ တာချီလိတ်တွင် ကျင်းပပြုလုပ်

တာချီလိတ် ဇန်နဝါရီ ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ အောင်မြတ်ခန်းမတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT မှ အသိပညာပေးဟောပြောခြင်းနှင့် ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပ ခဲ့သည်။

အခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူးဦးမြင့်နိုင်နှင့် MPT ရုံးချုပ်မှ ဒုတိယအထွေထွေ မန်နေဂျာ တို့က နှုတ်ခွန်းဆက် အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ်မန်နေဂျာက MPT အနေဖြင့် နိုင်ငံတော်သို့ ကျသင့်သော အခွန်ဘဏ္ဍာငွေများကိုပေးဆောင်လျက်ရှိပြီး ကျန်ရှိသောအမြတ်ငွေများအား ပညာရေး ကျန်းမာရေး စသည်တို့အပြင် လူမှုရေးလုပ်ငန်းများတွင် အထောက်အကူပေးခြင်း၊ သဘာဝ ဘေးအန္တရာယ် ကျရောက်ရာဒေသသို့ ထောက်ပံ့ကူညီပေးခြင်းတို့ကို ဆောင်ရွက်လျက် ရှိကြောင်း ပြောကြားခဲ့ သည်။

မိုဘိုင်းလ်ဖုန်းများ လုံခြုံစွာအသုံးပြုနိုင်ရေးနှင့် ဘေးကင်းလုံခြုံသည့် အင်တာနက် အသုံးပြု တတ်စေရန် အသိပညာပေးဟောပြောပွဲကို ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၁၈ ခုနှစ် မတ်လကုန် တွင် (၃၀၅)ကြိမ် ကျင်းပနိုင်ခဲ့ပြီး ၂၀၂၀ ခု မတ်လအတွင်း ဆွေးနွေးပွဲ(၇၀)ကြိမ် ထပ်မံ ဆောင်ရွက်ပေးရန် ရှိကြောင်းသိရှိရသည်။

ထို့နောက် မိုဘိုင်းလ်ဖုန်း သုံးစွဲသူပြည်သူများမှ သိလိုသည်များကို မေးမြန်းခဲ့ကြရာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT မိုဘိုင်းလ်ဟောပြောပွဲ တာဝန်ခံမှ ပြန်လည်ရှင်းလင်း ဖြေကြား ခဲ့ကြောင်း သိရှိရသည်။

ယာဆေး (ပြန်/ဆက်)