မော်လိုက် ဇန်နဝါရီ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၊ တံတားဦးရပ်၌ ဓမ္မစကူးလ်(၅)နှစ်ပြည့် အောင်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီက တံတားဦးရပ် ဓမ္မာရာမဘုန်းတော်ကြီး ကျောင်းတိုက်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် တက်ရောက်လာကြသည့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ရာအိမ်မှူးများ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ဓမ္မစကူးလ်သင် ဆရာ/ဆရာမများနှင့် ဓမ္မစကူးလ် ကျောင်းသား/ကျောင်းသူလေးများက တံတားဦးရပ် ဓမ္မာရာမ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝိစိတ္တသာရထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။ ထို့နောက် မော်လိုက်မြို့နယ် ဓမ္မစကူးလ် အတွင်းရေးမှူး(၁) မော်လိုက်ကလေးကျေးရွာဆရာတော် အရှင်တေဇာနန္ဒ သာသနဓဇဓမ္မာစရိယမှ တံတားဦးရပ် ဓမ္မစကူးလ်(၅)နှစ်ပြည့်နှင့် ပတ်သက်၍ ဝမ်းသာစကားမြွက်ကြားခဲ့ပြီး ခုံသာကျေးရွာ ဆရာတော် ဦးဝေပုလ္လထံမှ ဩဝါဒကထာ နာယူကြည်ညိုခဲ့ကြသည်။
ယင်းနောက် တံတားဦးရပ် ဓမ္မစကူးလ် ကျောင်းသား/ကျောင်းသူလေးများက အခမ်းအနားသို့ တက်ရောက်လာကြသည့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ ရာအိမ်မှူးများ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ဓမ္မစကူးလ်သင် ဆရာ/ဆရာမများနှင့် ပြည်သူများအား အကအလှများ တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
မော်လိုက်သားလေး