ရေဦးမြို့အထက(၂) ကျောင်းသားဟောင်းများ၏ (၁၆) ကြိမ်မြောက်မြတ်ဆရာပူဇော်ပွဲကျင်းပ

ရေဦး  ဇန်နဝါရီ  ၁၂

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရေဦးမြို့ အမှတ်( ၂ )အ‌‌ခြခံပညာအထက်တန်းကျောင်း ကျောင်းသားကျောင်းသူဟောင်းများ၏ (၁၆ ) ကြိမ်မြောက်  မြတ်ဆရာပူဇော်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီ က ဘိုးရာဇာခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားသို့ မြန်မာနိုင်ငံအနယ်နယ်အရပ်ရပ်မှ အထက(၂)ကျောင်းတော်ကြီးတွင် တာ၀န်ထမ်းဆောင်ခဲ့ဖူးသောအသက်( ၆၀)ပြည့်အငြိမ်းစားဆရာကြီး ဆရာမကြီးများနှင့် ဒေသခံဆရာကြီး ဆရာမကြီးစုစုပေါင်း( ၇၉ ) ဦး နှင့် ကျောင်းသားကျောင်းသူဟောင်းများ စုံစုံညီညီတက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ကျောင်းသားကျောင်းသူတပည့်ဟောင်းများက ဆရာကြီး ဆရာမကြီးများအား ကန်‌တော့ခဲ့ကြသည်။ ယင်းနောက် ကျောင်းသားကျောင်းသူများက တေးဂီတအဖွဲ့နှင့် နိုင်ငံ‌တော်အဆင့်ငြိမ်းချမ်းရေးဂီတပွဲ‌တော် ဒုတိယဆုရ ဒေါ်ကြူကြူခိုင်တို့က တတ်စွမ်းသောအနုပညာဖြင့် အပူဇော်ခံဆရာကြီးဆရာမကြီးများကို  မြတ်ဆရာ၊ ဆရာအတွက် တေးတစ်ပုဒ် ၊  သစ်တစ်ပင်ကောင်း ဌက်တစ်သောင်းနားသီချင်းတို့ဖြင့် သီဆိုကန်‌တော့ခဲ့သည်။

ဆက်လက်ပြီး ဆရာမကြီး ဒေါ်သန်းသန်းနွယ်က ဆုံးမဩဝါစကားများပြောကြားခဲ့ပြီး မြတ်ဆရာပူဇော်ပွဲဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြတ်ထွေးက  ဩဝါဒစကားများခံယူပါကြောင်း ပြန်လည်ဖြေကြားခဲ့ပြီး  အဝေးရောက် ကျောင်းသားဟောင်းသုံးဦးက မိတ်ဆက်စကားနှင့် ပညာသင်ငယ်စဉ်ဘ၀  အမှတ်ရစရာများပြန်လည်ပြောပြခဲ့သည်။ ထို့နောက်တက်ရောက်လာကြသော တပည့်ဟောင်းများက ဆရာကြီးဆရာကြီးများကို ပူဇော်ကန်တော့ငွေများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

သန်းသန်း ( ရေဦး )