လွိုင်လင် ဇန်နဝါရီ ၁၂
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း စာရင်းစစ်စာရင်းကောက် သင်တန်းပိတ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ(၁)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန လွိုင်လင်ခရိုင်ရုံး သင်တန်းခန်းမတွင် ကျင်းပကြောင်း သိရသည်။
သင်တန်းဆင်းပွဲတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဦးတင်ဦးမှ သင်တန်းဆင်းအမှာစကားပြောကြားပြီးနောက် စာရင်းစစ်/ စာရင်းကောက်ခန့်အပ်လွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း စာရင်းစစ်စာရင်းကောက်သင်တန်းတွင် သင်တန်းသား/သူများ(၃၄)ဦးတက်ရောက်ကြပြီး သင်တန်းကို (၂၀၂၀)ပြည့်နှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့မှ ဇန်နဝါရီလ ၁၂ ရက်နေ့အထိ စာတွေ့/လက်တွေ့ သင်ကြားပေးမည် ဖြစ်ကြောင်း သိရသည်။
မိုးလွင်ဦး(လွိုင်လင်)