၂၀၂၀ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ‌‌ရွေးကောက်ပွဲအတွက် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်း ဆောင်ရွက်ပေး

မြောင်းမြ  သြဂုတ်  ၄

၂၀၂၀ ခုနှစ်  ပါတီစုံဒီမိုကရေစီ အထွေထွေ‌‌ရွေးကောက်ပွဲအတွက် ကောက်ယူထားသော မဲစာရင်းတွင် အမည်ပါဝင်ပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားနံပါတ် လစ်လပ်နေမှုများအား ကွက်လပ်ဖြည့်သွင်းခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့  နေ့လည်က မြောင်းမြမြို့နယ်၊ ဘုရားချောင်းကျေးရွာ အုပ်စုအတွင်း၌ လဝကမှူး ဒေါ်အေးအေးနှင့် ဝန်ထမ်းများက ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်အတွင်းရှိ မြို့ပေါ် (၁၆) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၉၈) အုပ်စုရှိ ရပ် /ကျေး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ (၁၁၄) ရုံးတို့တွင် ၂၀၂၀ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင် စာရင်းများကို ဇူလိုင် ၂၅ ရက်နေ့မှ စတင်၍ (ပထမအကြိမ်) ကြေငြာထားပြီး ဖြစ်သည်။

အဆိုပါ မဲဆန္ဒရှင် စာရင်းများကို ဇူလိုင်လ (၂၅) ရက်မှ သြဂုတ်လ (၇) ရက်နေ့ထိ (၁၄) ရက်ကြာ ကြေငြာထားမည်ဖြစ်ပြီး  မဲစာရင်းတွင် နာမည်မပါခြင်း၊ မှားယွင်းနေသည့် အချက်များကို ပြင်ဆင်ခြင်းနှင့် မပါဝင်သင့်သူများကို ပယ်ဖျက်ခြင်းစသည့် လုပ်ငန်းစဉ်များကို မဲစာရင်း ပြင်ဆင်ခြင်း ပုံစံ(၃)၊ (၄)နှင့် (၄-ဂ) တို့ဖြင့် လာရောက် ပြင်ဆင် ဆောင်ရွက်နိုင်ကြောင်း သိရှိရသည်။

ခရိုင်ပြန်ဆက်