ဘားအံမြို့နယ် မြပြည်တံတား မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ယာယီလမ်းလွှဲ ရေကျော်သဖြင့် တံတားသစ်မှ အမြန်ဆုံးသွားနိုင်ရေး ဆောင်ရွက်

ဘားအံ သြဂုတ် ၅

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်မှုကြောင့် နောင်လုံအရှေ့ကျေးရွာအုပ်စု မြပြည်ကျေးရွာအနီးရှိ မြပြည်တံတားအား တံတားအသစ်တည်ဆောက်နေစဉ် ယာယီလမ်းလွှဲပြုလုပ်ထားသောလမ်းမှာ မိုးအဆက်မပြတ် ရွာသွန်းမှုနှင့် တောင်ကျရေများစီးဆင်းမှုကြောင့် လမ်းလွှဲနေရာရေကျော်ခဲ့ပြီး ယာဉ်ကြီးယာဉ်ငယ်များ သွားလာ၍ မရတော့ သော ကြောင့် ယာဉ်ကြောပိတ်ဆို့မှုများမဖြစ်စေရေး ဩဂုတ်လ ၃ ရက်နေ့ နံနက်ပိုင်းအချိန်တွင် တံတားအသစ်မှ သွားလာ နိုင်ရေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ တံတားလမ်းအပိုင်းသည် ဘားအံ-အိန္ဒု-ကော့ကရိတ်-မြဝတီ ကားလမ်းမပေါ်တွင်ရှိပြီး ယခင်နှစ် မိုးကာလက အဆိုပါ အရှည်ပေ (၆၀)၊ အကျယ် (၂၀) ပေရှိ သံကွန်ကူကရစ်တံတား အောက်ကမ်းကပ်ခုံမြေနိမ့်ခဲ့ရာမှ တံတားအသစ် ပြန်လည် တည်ဆောက်နေစဉ် ယာယီလမ်းလွှဲပြုလုပ်ထားသောလမ်းမှာ မိုးအဆက်မပြတ်ရွာသွန်းမှုနှင့် တောင်ကျရေများ စီးဆင်းမှုကြောင့် လမ်းလွှဲနေရာမှာ ရေကျော်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လမ်းလွှဲနေရာ ရေကျော်နေသဖြင့် ယာဉ်ကြီးယာဉ်ငယ်များ သွားလာ၍မရသောကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ မရှိစေရေး အတွက်  အသစ်တည်ဆောက်ထားသော တံတားသစ်မှ အမြန်ဆုံးလိုအပ်သည်များဆောင်ရွက်ကာ သွားလာစေခဲ့ကြောင်း သိရ သည်။

နေမျိုးလွင်(ပြန်/ဆက်)