မကွေးတိုင်းဒေသကြီး သရက်မြို့၌မြို့ပေါ်ရှိ သာသနာ့အနွယ်ဝင် သီလရှင်(၅၈)ပါးအား ကျောင်းတိုက်များအရောက် ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထုများ သွားရောက်လှူဒါန်း

သရက် ဩဂုတ် ၄

မကွေးတိုင်းဒေသကြီး သရက်မြို့၌ ယမန်နေ့ နံနက်(၈)နာရီက မြို့ပေါ်ကျောင်းတိုက်အသီးသီးရှိ  သီလရှင်(၅၈)ပါးတို့အား ဆင်ဖြူတော်ကျောင်းတိုက်ဆရာတော်ဦးဆောင်၍ အကျိုးတော်ဆောင်များက ရပ်ကွက် အသီးသီးမှ အလှူရှင်စေတနာရှင်များ စုပေါင်း၍ လစဉ်လပြည့်နေ့တိုင်းလှူဒါန်းသည့် ဆွမ်းဆန်နှင့်လှူဖွယ် ဝတ္ထုများကို ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်နေသည့်ကာလတွင် မြို့ပေါ်ရှိ ကျောင်းတိုက်အသီးသီးသို့  သွားရောက်၍ လှူဒါန်းခဲ့သည်။

အဆိုပါ လောင်းလှူခြင်းကို အကျိုးတော်ဆောင်သူများက ကျိုက်ဒေယျုံကျောင်းတိုက်၊ ပေတစ်ကျောင်း၊ မစိုးရိမ်ကျောင်းတိုက်နှင့် ထုံးတောင်ကျောင်းရှိ  သီလရှင်(၅၈)ပါးတို့အား ကိုဗစ်-၁၉ ရောဂါထိန်းချုပ်နေသည့်ကာလအတွင်း သီလရှင်များအတွက် အဆင်ပြေစေရေး ဆွမ်းဆန်နှင့် လှူဖွယ်ဝတ္ထုများ လောင်းလှူပေးခဲ့ရာ အလှူရှင်များအား ဆုတောင်းမေတ္တာပို့သပေးခဲ့ကြသည်။ ယနေ့လှူဒါန်းမှုမှာ (၃၄)ကြိမ်မြောက် လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။

ဇော်ထက်(သရက်)