မဲဆန္ဒရှင်စာရင်းတွင် မိမိအမည်ပါဝင်ခြင်း ရှိ/မရှိ ကြည့်ရှုနိုင်ရေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

အင်္ဂပူ     ဩဂုတ်     ၄

ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကြေညာခြင်း၌ မိမိနာမည်ပါဝင်ခြင်း ရှိ/မရှိ ကြည့်ရှုနိုင်ရန် အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယမန်နေ့နေ့လယ်(၃)နာရီက အင်္ဂပူမြို့ အမှတ်(၁) ရပ်ကွက်  ချယ်ရီလမ်းတွင် လမ်းသွား၊ လမ်းလာပြည်သူများအား ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ လက်ကမ်းစာစောင်များအားမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဒေါ်သဇင်ဝင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ ပူးပေါင်းဖြန့်ဝေခဲ့ကြောင်းနှင့် လက်ကမ်းစာစောင်တွင် “မဲဆန္ဒရှင်စာရင်း၌ သင့်အမည် ပါဝင်ပါသလား”၊ “ယခုပဲ သွားရောက် စစ်ဆေးလိုက်ပါ”၊ “ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းမှ မဲဆန္ဒရှင် အားလုံးဆီသို့ တိုက်တွန်းမှာကြားချက်”၊ “မဲဆန္ဒရှင်စာရင်းတွင် မပါဝင်ပါက ပုံစံ(၃)”၊ “မဲဆန္ဒရှင်စာရင်းပါ မိမိကိုယ်ရေးအချက်အလက် မှားယွင်းနေပါက ပုံစံ(၄-ဂ)”၊ မပါဝင်သင့်သူတစ်ဦး မဲစာရင်းတွင် ပါဝင်နေပါကပုံစံ(၄)ဖြင့် ကန့်ကွက် ဖြည့်စွက်ဆောင်ရွက်ကြရမည့် အသေးစိတ် ဆောင်ရွက်ရမည့်အချက်များ ပါဝင်ကြောင်း သိရသည်။

မန်းကျော်(ပြန်/ဆက်)