ဖျာပုံမြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

ဖျာပုံ  သြဂုတ်  ၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ကျင်းပရာ၌ အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသောသူများ၊ မဲဆန္ဒရှင်စာရင်းတွင် အကွက်အပေါက်များ မဖြစ်ပေါ်စေရန် ရည်ရွယ်၍ ဖျာပုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ ကွင်းဆင်း၍ ဖျာပုံမြို့နယ် အပြောင်ကျေးရွာအုပ်စု၌ ယမန်နေ့နံနက်ပိုင်းက နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဖျာပုံမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများ၌ မဲဆန္ဒရှင်စာရင်းတွင် ပါဝင်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများ၊ အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် နိုင်ငံသား စိစစ်ရေးကတ်ပြား မရှိသောသူများ၊ မဲဆန္ဒရှင်စာရင်းတွင် အကွက်အပေါက်များ မဖြစ်ပေါ်စေရန်အတွက် ဖျာပုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူး ဦးဇော်လွင်နှင့် ဝန်ထမ်းများသည် မြို့နယ်အတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသောသူများအား ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပြီး ကျန်ရှိနေသော ရပ်ကွက်/ကျေးရွာများကိုလည်း ဆက်လက်ဆောင်ပေးသွားမည်ဖြစ်ကြောင်း၊ လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေး ခဲ့ကြကြောင်း သိရှိရသည်။

အောင်ဝင်းနိုင် (ခရိုင်ပြန်/ဆက်)