မော်လမြိုင်ကျွန်းမြို့နယ်၌ အားကစားနှင့်ကာယပညာ ဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ mask camping အသိပညာပေး ကိုယ်လက်လှုပ်ရှား အားကစား သရုပ်ပြခြင်းဆောင်ရွက်

မော်လမြိုင်ကျွန်း  ဒီဇင်ဘာ ၂၁

မော်လမြိုင်ကျွန်းနယ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ဆက်လက်ပြန့်ပွားမှု မရှိစေရေး အတွက် ယနေ့နံနက် ၉ နာရီခန့်က မြို့နယ်၏ လူစည်ကားရာ နေရာများ၌ မြို့နယ်အဆင့် ဌာနဆိုင်ရာများအား ကစားနှင့်ကာယပညာ ဦးစီးဌာနတို့ ပူးပေါင်းကာ နှာခေါင်းစည်း တပ်ဆင် သွားလာစေရေး အသိပညာပေး (Mask Campaign) ပြုလုပ်ဆောင်ရွက်သည်။

အဆိုပါ အသိပညာပေး လုပ်ငန်းတွင် နှာခေါင်းစည်း တပ်ဆင်သွားလာခြင်း မရှိသူများအား နှာခေါင်းစည်းများ အခမဲ့ပေးဝေခဲ့ပြီး ကိုဗစ်-၁၉ ကူးစက်ရောဂါ ဆက်လက်ပြန့်ပွားမှု မရှိစေရေးအတွက် နှာခေါင်းစည်း မဖြစ်မနေတပ်ဆင် သွားလာရန် လိုအပ်ကြောင်း မြို့နယ်ဌာနဆိုင်ရာများမှ အသိပညာပေးခြင်း၊ မြို့နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာနမှလည်း ကိုဗစ်-၁၉ ကာလအတွင်း ပြည်သူများ ကျန်းမာကြံ့ခိုင်စေရေးအတွက် အကနည်းပြကို ချမ်းမြေ့အောင် ခေါင်းဆောင်သောအဖွဲ့မှ ကိုယ့်လက်လှုပ်ရှား ဖျော်ဖြေမှု့များနှင့်အတူ လက်ကမ်းစာစောင်များ ဖြန့်ဝေအသိပညာပေး လုပ်ငန်းများ စုပေါင်း ဆောင်ရွက်ကြကြောင်း သိရသည်။

သီတာအောင် (ပြန်/ဆက်)