ညောင်ဦး ဒီဇင်ဘာ ၂၁
ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ၊ ယဉ်ကျေးမှုနယ်မြေလုံခြုံရေးဌာန စိတ်မှကြီးကြပ်၍ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင်းရှိ ဘုရား၊ စေတီ၊ ပုထိုး ၊ အုတ်ကျောင်းတို့အား ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၁၁ ရက်နေ့မှ စတင်ကာ Area-C အတွင်းရှိရှေးဟောင်းအဆောက်အုံများကို သန့်ရှင်းရေး ဆောင်ရွက်လျက်ရှိကြောင်း ရှေးဟောင်းသုတေသနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲမှဦးမြင့်သန်း (ဒုတိယညွှန်ကြားရေးမှူး ) ထံကသိရသည်။
Area-C အတွင်းရှိ ဘုရားများ၏ ဘုရားအပေါ်ပိုင်းတွင်ပေါက်ရောက်နေသော ပေါင်းမြက်များရှင်းလင်းခြင်း၊ ဘုရားဆင်းတုတော်ရှိ ဖုန်နှင့်ချေးများချွတ်၍ ရောင်တော် ဖွင့်ခြင်း၊ အတွင်းလှိုဏ်ပတ်လမ်းများရှိ ခိုချေးများနှင့်အမှိုက်များအား သန့်ရှင်းရေးပြလုပ် ဆောင်ရွက်ခြင်း၊ ဘုရားရင်ပြင်တော်မှ ပေ(၁၂၀) အကွာ အောက်ခြေပတ်ပတ်လည် ပေါင်းမြက်ချုံနွယ်များရှင်းလင်းခြင်း၊ ကန္တရငုတ်၊ စွေ့စာပင်ငုတ်နှင့်မဏီသံလျက်ပင်ငုတ်စသည့် အပင်များ၏ ငုတ်များတူးထုပ်ခြင်း လုပ်ငန်းများဆောင်ရွက်နေကြောင်းသိရသည်။
ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသေးသည့် Area-A၊ Area-Bနှင့် Area-D အတွင်းရှိ ဘုရား၊စေတီ ၊ပုထိုး၊ အုတ်ကျောင်းများကိုလည်း သန့်ရှင်းရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးမြင့်သန်း(ဒုတိယညွှန်ကြားရေးမှူး)ကရှင်းပြ၍ သိရသည်။
ကိုထိန်၊KPD