တန့်ယန်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးနိုင်ရေး အရှိန်မြှင့်ဆောင်ရွက်

တန့်ယန်း  ဒီဇင်ဘာ  ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးအတွက်  မြို့နယ်မှ ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ၊ အဖွဲ့အစည်းများ၊  အလှူရှင်၊ စေတနာရှင် ပြည်သူများက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်နေလျက်ရှိရာ မြို့နယ် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့က ဒီဇင်ဘာ ၂၁ ရက်နေ့တွင် အရှိန်အဟုန်မြှင့်၍ ပူးပေါင်းဆောင်ရွက်ကြသည်။

ထိုသို့ဆောင်ရွက်လျက်ရှိကြရာ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် မြို့တွင်းသို့ ကုန်စည်စီးဆင်းမှု မပြတ်လပ်စေရေး အတွက် အခြားဒေသမှ လာရောက်လျက်ရှိကြသည့် မော်တော်ယာဉ်များ အားလုံးကို မြို့ဝင်မြို့ထွက်ဂိတ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် တားဆီး ထိန်းချုပ်နိုင်ရေးအတွက် မော်တော်ယာဉ်များအား ပိုးသတ်ဆေးဖျန်းပေးခြင်းတို့ကို ဆောင်ရွက်ပေးနေလျက်ရှိကြောင်း သိရ သည်။                                                                      

မင်းလွင်ဦး(ပြန်/ဆက်)