ဘုတ်ပြင်းမြို့နယ် တွင် ပူးပေါင်းအဖွဲ့များဖြင့် Mask Campaign လှုပ်ရှားမှုဆောင်ရွက်

ဘုတ်ပြင်း   ဒီဇင်ဘာ   ၂၁ 

ဘုတ်ပြင်းမြို့နယ်အတွင်းရှိ မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်၍  ပြည်သူများနှင့်ခရီးသွားပြည်သူများ ရောဂါ ကြိုတင်ကာကွယ်ရေး အနေဖြင့် အပြင်ထွက်တိုင်း  Mask တပ်ဆင်အသုံးပြုသည့်အလေ့အထများ ရှိစေရန် Mask Campaign  အသိပညာပေး လှုပ်ရှားမှုကို ယနေ့နံနက်က ပူးပေါင်း အဖွဲ့ဖြင့်ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် ဌာနဆိုင်ရာများ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ ၊ Volunteer အဖွဲ့များသည်   မြို့ပေါ် ရပ်ကွက်များတွင်  အဖွဲ့(၇)ဖွဲ့ကာ  သတ်မှတ်ထားသည့် လမ်းကြောင်းအတိုင်း မြို့တွင်းသို့ လှည့်လည်ကာ Mask Campaign  လှုပ်ရှားမှုဆောင်ရွက်ခဲ့ပြီး Mask များ အခမဲ့ပေးဝေခြင်း၊ လက်သန့်ဆေးရည် များဖြင့် လက်သန့်စင်ပေးခြင်းများဆောင်ရွက်ပေးခဲ့သည်။

အဆိုပါအဖွဲ့များက လက်ကိုမကြာခဏစနစ်တကျဆေးပါ၊ အပြင်ထွက်တိုင်း Mask တပ်ပါ ၊ ကျန်းမာရေး ဌာနမှ ပညာပေးမှုများလိုက်နာပါ ၊ စည်းကမ်းသတ်မှတ် ချက်များကို လိုက်နာပါ ၊ ကိုဗစ်-၁၉ အလွန်အရေးကြီး စည်းကမ်းလိုက်နာ အန္တရာယ်ကင်းမှာ ၊ လူတစ်ဦးနှင့်တစ်ဦး(၆) ပေအကွာ သွားလာနေထိုင်ပါ စသည့် ဗီနိုင်းများကို ကိုင်ဆောင်၍ အသိပညာပေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။

သန်းထွန်းဦး(ပြန်/ဆက်)