မိုင်းယောင်း ဩဂုတ် ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန Home Garden ဥယျာဉ်ခြံ၌ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျက်ရှိသည့် ခြံထွက်သီးနှံများကို ယမန်နေ့ ညနေပိုင်းက ဌာနဆိုင်ရာရုံးများသို့ လိုက်ဝေပေးခဲ့ကြသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကာလများအတွင်း စိုက်ပျိုးရေးဦးစီးဌာန Home Garden ဥယျာဉ်ခြံ၌ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းသည့် ဩဂဲနစ်သီးနှံများဖြစ်သည့် ဘူး၊ ဖရုံ၊ ခရမ်း၊ ငရုပ်၊ ခရမ်းချဉ်၊ ပဲလင်းမြွေ၊ ရုမ်းပတီသီးနှင့် ချဉ်ပေါင်ရွက်များကို မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးကျော်ကျော်မိုးနှင့် ဝန်ထမ်းများက အခမဲ့ လိုက်ဝေပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အားချာ(ပြန်/ဆက်)