ချင်းရွှေဟော် ဩဂုတ် ၅
ချင်းရွှေဟော် မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ဂိတ်မှ ဝင်ရောက်လာသော တရုတ်နိုင်ငံမှပြန်လာသည့် မြန်မာ နိုင်ငံသား နေရပ်ပြန် ပြည်သူများကို ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော် မြို့ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်း ချုပ်ကုသရေးလုပ်ငန်းကော်မတီမှ ၎င်းတို့၏ သက်ဆိုင်ရာ တိုင်းဒေ သကြီး /ပြည်နယ်များသို့ ပြန်လည်ရောက်ရှိနိုင်ရေး အတွက် စနစ်တကျ စီစဉ်လွှဲပြောင်း ပို့ဆောင် ပေးလျက် ရှိရာ ဩဂုတ်လ ၃ ရက်နေ့၊ ညနေ(၆)နာရီအချိန်က(၂၁)ဉီး နှင့် ယနေ့မွန်းလွဲ(၃)နာရီ အချိန် က(၇)ဉီး စုစုပေါင်း နေရပ်ပြန်ပြည်သူ(၂၈)ဉီးတို့အား ထပ်မံလွှဲပြောင်းပို့ဆောင်ပေးခဲ့သည်။
အဆိုပါ လွှဲပြောင်းပို့ဆောင်ပေးခဲ့သည့် နေရပ်ပြန်ပြည်သူ(၂၈)ဉီးတွင် အမျိုးသား(၁၅)ဉီး၊ အမျိုးသမီး(၁၃)ဉီး တို့ဖြစ်ပြီး မန္တလေး တိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်မှ(၁)ဉီး၊ ရမည်းသင်းမြို့နယ်မှ(၂)ဉီး၊ မြစ်သား မြို့နယ်မှ(၂)ဉီး၊ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်မှ(၂)ဉီး ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ တန့်ယန်း မြို့နယ်မှ(၂)ဉီး၊ သီပေါမြို့နယ်မှ(၁)ဉီး၊ သိန္နီမြို့နယ်မှ(၄) ဉီး၊ လောက်ကိုင် မြို့နယ်မှ (၁၀)ဉီး၊ ကွမ်းလုံ မြို့နယ်မှ(၂)ဉီး ၊ဟိုပန်မြို့နယ်မှ(၂)ဉီး တို့ ဖြစ်ကြကာ ၎င်းနေရပ်ပြန်ပြည်သူများအား ချင်းရွှေ ဟော်မြို့၊ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီဉက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဉီးသက်ဉီးပိုင်နှင့် ကော်မတီ အဖွဲ့ ဝင်များက နှာခေါင်းစည်း(Mask)များအခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီမှ သက်ဆိုင်ရာ တိုင်းဒေသကြီး /ပြည်နယ် များသို့ လွှဲပြောင်းပို့ဆောင်ပေးခဲ့သည့် နေရပ်ပြန်ပြည်သူများမှာ ဧပြီလ ၃၀ ရက်နေ့ မှ ယနေ့အထိ အမျိုးသား(၇၇၉၁)ဉီး နှင့် အမျိုး သမီး(၆၂၇၁)ဉီး တို့ဖြစ်ပြီး စုစုပေါင်း နေရပ်ပြန် ပြည်သူ(၁၄၀၆၂)ဉီးတို့ကို စနစ်တကျလွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။
ဇင်ဇင်(ပြန်/ဆက်)