မကွေးတိုင်းဒေသကြီး သရက်မြို့နယ်အတွင်းရှိ ရေဘေးရှောင်အိမ်ထောင်စုများအား ရိက္ခာဖိုးထောက်ပံ့ငွေပေးအပ်

သရက် ဩဂုတ် ၅

မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဝင်ရောက်သည့် ရေဘေးရှောင် အိမ်ထောင်စု (၈၆)စုအတွက်  ဆန်ရိက္ခာဖိုးထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက လေးထပ်ကျောင်း၊ စံပုံတင်ကျောင်းနှင့် ထုံးတောင် ကျောင်းတို့တွင် ကျင်းပခဲ့သည်။      
 

အဆိုပါ ထောက်ပံ့ငွေများပေးအပ်ရာတွင် လူတစ်ဦးလျှင် တစ်ပတ်စာဆန်ဖိုး (၂၁၀၀/-)နှုန်း ဖြင့် စံပုံတင်ကျောင်း၌ ရေပေါ်ကျွန်းကျေးရွာမှ အိမ်ထောင်စု(၂၆)စု၊ လူဦးရေ(၉၅)ဦးအတွက် (၁၉၉၅၀၀/-)ကျပ် ၊ လေးထပ်ကျောင်း၌ တောင်မင်းတည်းရပ်ကွက်မှ အိမ်ထောင်စု(၃၆)စု၊ လူဦးရေ (၁၀၇)ဦးအတွက် (၂၂၄၇၀၀/-) ကျပ်၊ ရွှေမုဌောဓမ္မာရုံ၌ ထုံးတောင်ကျေးရွာမှ အိမ်ထောင်စု (၂၄)စု၊ လူဦးရေ (၁၁၄)ဦးအတွက် (၂၃၉၄၀၀/-)ကျပ် တို့ကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုးအောင်၊ ဒေါ်အေးယုမော်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးကျော်ကျော်နှင့် ခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့် ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သူဇာထွန်းတို့က ထောက်ပံ့ပေးအပ်ခဲ့သည်။  

    
သရက်မြို့နယ်အတွင်းရှိ ကျေးရွာ(၂)ရွာနှင့် ရပ်ကွက်(၁)ခုမှ ရေဘေးရှောင်အိမ်ထောင်စု (၈၆)စုအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေစုစုပေါင်း ကျပ် (၆၀၃၆၀၀/-)ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။           
ဇော်ဝမ်းထွန်း(အောင်လံ)