တနိုင်း နိုဝင်ဘာ ၂၀
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်၊ "စာကြည့်တိုက်များဖွံ့ဖြိုးရေးနှင့်စာဖတ်ရှိန်မြှင့် တင်ရေးပွဲတော် "အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်မုခ်ဦးအား ဒေသကွပ်ကဲမှု(စစ်ဌာနချုပ်)တနိုင်း ဒေသကွပ်ကဲရေးမှူးဗိုလ်မှူးချုပ် ကျော်ဖုန်းအောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်စိုး၊ ခရိုင်ပညာရေးမှူး ဒေါ်ရွှေနယ်ဇိန်း၊ မြို့နယ်ပညာရေးမှူး ဒေါ်ရီရီဝင်းနှင့် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ဝါဦးတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။
ထို့နောက် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနားကို ကျင်းပရာ တနိုင်းမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှကျောင်းသား၊ ကျောင်းသူများက “ပညာဘဏ်တိုက်စာကြည့် တိုက်သို့သွားကြစို့” တေးသီချင်းဖြင့်ဖျော်ဖြေတင်ဆက်ကြသည်။ ယင်းနောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးကအမှာစကား ပြောကြားရာတွင် ယခုအချိန်မှာပညာရေးဝန်ကြီးဌာအနေနဲ့လည်း ပြီးခဲ့တဲ့ပညာသင်နှစ်စပြီး သင်ခန်းစာအရန်ချိန်များကို စာကြည့်တိုက်အချိန်အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ပြီး ကျောင်းသား/ ကျောင်းသူများအတွက် စာပေလေ့လာဖတ်ရှုနိုင်ဖို့ ဆောင်ရွက်ပေးခဲ့တာကိုလည်း သိရပါတယ်။ မိမိတို့နိုင်ငံမှာ အခြေခံပညာအဆင့် စာသင်ကျောင်းပေါင်း (၄)သိန်းကျော်ရှိတဲ့အတွက် ဒီလိုစာကြည့်တိုက်ချိန်ကို အသုံးချကြမယ်ဆိုရင် ရလဒ်ကောင်းများရရှိမယ်လို့ ယုံကြည်မိပါတယ်လို့ ပြောကြားသည်။
ယင်းနောက် ဒေသကွပ်ကဲမှု(စစ်ဌာနချုပ်)တနိုင်း ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် ကျော်ဖုန်းအောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်စိုးနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝါဦးတို့က စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် စာစီစာကုံးပြောပြိုင်ပွဲ၊ ပုံပြင် ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆို ပြိုင်ပွဲတွင်ပထဆုရရှိသူများအား ဆုများချီးမြှင့်ပြီး ဒေသကွပ်ကဲရေးမှူးမှ အထက-၁ ကျောင်းစာ ကြည့်တိုက်အတွက် အလှူငွေ (၁၀)သိန်းနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်စိုးတို့က (၃)သိန်းလှူဒါန်းရာ အထက-၁ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကော့ဖန်က လက်ခံရယူသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝါဦးက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းအတွက်စာအုပ် (၂)သိန်းဖိုး လှူဒါန်းရာ ကျောင်အုပ်ဆရာမကြီး ဒေါ်ကော့ဖန်မှ လက်ခံရယူခဲ့သည်။
ယင်းနောက် အထက-၁ကျောင်းသူလေးများက "အလှကမ္ဘာမြေ"တေးသီချင်းအကနှင့် အထက-၂ ကျောင်းသူလေးများက "တောင်ယာဝင်ချိန်"အကဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
ဆက်လက်၍ ဒေသကွပ်ကဲမှု(စစ်ဌာနချုပ်)တနိုင်း ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် ကျော်ဖုန်းအောင်၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်စိုးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ဝါဦး၊ ခရိုင်ပညာရေးမှူး၊မြို့နယ် ပညာရေးမှူးတို့က ခင်းကျင်းပြသထားသည့် ဓာတ်ပုံမှတ်တမ်းများ၊နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များပြခန်းများ၊ သင်ထောက်ကူပြခန်းများ ပြသထားမှုအခြေအနေ၊ အားကစားပြိုင်ပွဲများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် မွန်းလွဲပိုင်းတွင် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူတို့က "အင်္ဂလိပ်ပြဇာတ်"ဖြင့် တေးသရုပ်ဖော်ခြင်း၊ ကျပန်းစကား ပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ စကောရွက်ပြိုင်ပွဲနှင့် ခါးကွင်းလှည့်ပြိုင်ပွဲတွင် ဆုရရှိသူများ၊အကအဖွဲ့များအား တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးခဲ့ကြကြောင်း သိရသည်။
မနောမြေ(တနိုင်း)