ပူတာအို နိုဝင်ဘာ ၂၃
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စုများအတွင်း ၂၀၂၅-ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်းများအား ဒုတိယအကြိမ် ထုတ်ပြန်ကြေညာကပ်ထားမှုများကို နိုဝင်ဘာ (၂၂)ရက် မွန်းလွဲ(၁)နာရီက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဉက္ကဋ္ဌ ဦးအမ်ဖုန်တန်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဉက္ကဋ္ဌ ဦးထီခင်တန်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးအောင်နိုင်ဦးနှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာအဖွဲ့ဝင်များက ပူတာအိုမြို့ ဒုတ္ထန်၊ လေယာဉ်ကွင်း၊ လုံးစွတ်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများတွင် မဲဆန္ဒရှင်စာရင်းများ ကပ်ထား ကြေညာထားရှိမှုအားကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ပူတာအိုမြို့နယ်တွင် မဲရုံပေါင်း(၅၁)ရုံ၌ မဲပေးကြမည့် မဲဆန္ဒရှင်စာရင်းစုစုပေါင်း(၄၁၁၆၄)ဦးအား ဒုတိယအကြိမ်အနေဖြင့် နိုဝင်ဘာ (၂၁)ရက်မှ ဒီဇင်ဘာ(၄)ရက်နေ့အထိ (၁၄)ရက်ကြာ မဲစာရင်းများ မှန်ကန်ပြည့်စုံစေရေးအတွက် မဲစာရင်းများကပ်ထားကြေညာပေးထားမည်ဖြစ်ပြီး မဲဆန္ဒရှင်များအနေဖြင့် မိမိစာရင်းများကို လာရောက်ကြည့်ရှု၍ မဲစာရင်းတွင် မပါဝင်သူများ ပုံစံ-၃ဖြင့် မဲစာရင်းတွင် ထည့်သွင်းပေးရန်တောင်းဆိုခြင်း၊ မဲစာရင်းတွင်မပါ ဝင်သင့်သူများပါဝင်နေပါက ပုံစံ-၄ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းတွင် မိမိအချက်အလက်များ လွှဲမှားနေပါက ပြင်ဆင်ပေးရန် ပုံစံ-၄(ဂ)ဖြင့်တောင်းဆိုခြင်းများကို ကြေညာထားသည့်ကာလအတွင်း တောင်းဆိုနိုင်ပါကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှသိရသည်။
ဖုန်ကန်(ပူတာအို)