ပလောက် သြဂုတ် ၅
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယနေ့ နံနက် ၅:၀၀ နာရီချိန်ခန့်မှစ၍ ပလောက်ချောင်းရေလျှံပြီး တစ်ချို့နေအိမ်များနှင့် လမ်းများပေါ်တွင် ရေလွှမ်းမိုးမှု ဖြစ်ပွားခဲ့သည်။
အဆိုပါရေကြီးမှုဖြစ်ပေါ်ရာနေရာများသည် မိုးရာသီအချိန်တွင် နှစ်စဉ်နှစ်တိုင်း ရေကြီးရေလျှံလျှက်ရှိပြီး လူ၊ တိရစ္ဆာန်နှင့်ပစ္စည်းများ ဆုံးရှုံးမှုမရှိကြောင်း သိရှိရသည်။
နိုင်ဦး(ပလောက် ပြန်/ဆက်)