သန်လျင် ဩဂုတ် ၅
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည်ဖြစ်ရာ မဲဆန္ဒရှင်များ၏ မဲစာရင်းများ ကို သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာ အုပ်စု ကော်မရှင် အဖွဲ့ခွဲရုံးများ တွင် ကပ်ထား ကြေညာပေးလျက်ရှိသည်။
ပထမအကြိမ် မဲစာရင်းကပ်ထားမှုအား ဇူလိုင်လ ၂၅ ရက်နေ့မှ ဩဂုတ်လ ၇ ရက်နေ့အထိ ၁၄ ရက်ကြာ ကြေညာထားမည်ဖြစ်ပြီး မဲဆန္ဒရှင်ပြည်သူများ မိမိအမည်မဲစာရင်းတွင် ပါရှိမှသာ ဆန္ဒမဲပေးခွင့် ရရှိမည် ဖြစ်ရာ ယနေ့နံနက်ပိုင်းတွင် သန်လျင်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လူမှုရေး အသင်း အဖွဲ့များစုပေါင်း၍ ‘’ရွေးကောက်ပွဲ အကြို မဲဆန္ဒရှင်စာရင်းတွင်သင့်အမည် ပါဝင်ပါသလား'' အသိပညာပေး လက်ကမ်း စာစောင်များကို လူစည်ကားရာ မြို့မဈေး၊ ကားဂိတ်၊ ကယ်ရီဂိတ်၊ လမ်းသွားလမ်းလာ ပြည်သူများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သန်းဝင်း(သန်လျင်)