ကချင်ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ မီးခိုးမြူငွေ့အန္တရာယ် တားဆီးလျှော့ချရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေး‌‌‌‌ဟောပြောပွဲသို့ တက်‌‌ရောက်

မြစ်ကြီးနား နိုဝင်ဘာ ၂၅

မီးခိုးမြူငွေ့အန္တရာယ် တားဆီးလျှော့ချရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေး‌‌‌‌ဟောပြောပွဲအား နိုဝင်ဘာ ၂၅ ရက်နေ့ နံနက် ၉ နာရီခွဲက ဝိုင်းမော်မြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ရာ ကချင်ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ တက်ရောက်သည်။

အဆိုပါ ဟောပြောပွဲသို့ ဝိုင်းမော်မြို့နယ် မြို့မိမြို့ဖများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြပြီး ဦးစွာပြည်နယ်ဝန်ကြီးက ဝိုင်းမော်မြို့နယ်သည် ကချင်ပြည်နယ်၏ စားရေရိက္ခာဖူလုံရေးအတွက် အဓိကကျသော စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအပြင်၊ သဘာဝ အရင်းအမြစ်များကို အခြေခံသည့်လုပ်ငန်းအများအပြားဆောင်ရွက်နေသော မြို့ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် အခြားစက်မှုလုပ်ငန်းမှ ထွက်ရှိ‌သော စွန့်ပစ်ပစ္စည်းများ စနစ်တကျ စီမံမှုမရှိဘဲ မီး‌ရှို့ခြင်းဟာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ညစ်ညမ်းစေနိုင်ကြောင်း၊ ဝိုင်းမော်မြို့ဟာ ပြည်နယ်အတွင်း မီးလောင်မှုကြောင့် Fire Hotspot အများဆုံး ဖြစ်ပေါ်သော မြို့နယ်ထဲတွင် ပါဝင်သောကြောင့် ပြည်သူများအနေဖြင့် တောမီးလောင်ကျွမ်းမှုနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ကျန်းမာရေး လူမှုရေးနှင့် စီးပွားရေး ထိခိုက်မှုများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိ လာနိုင်အောင်နှင့်  မီးခိုးမြူငွေ့ဖြစ်ပေါ်စေနိုင်တဲ့ လုပ်ဆောင်မှုများကို ရှောင်ရှားနိုင်အောင် ယခုလို ဟောပြောပွဲများ ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြား‌ရေးမှူး ဦး‌ဟောင်းလွမ်းက တောမီးအန္တရာယ် ကာကွယ်ရေးနှင့်သစ်တောထိန်းသိမ်းရေး ကိစ္စရပ်များကိုလည်းကောင်း၊ ပြည်နယ် သတ္တုတွင်းဦးစီးဌာနက ညွှန်ကြားရေးမှူး ဦးစောယုက သတ္တုတူးဖော်ရေးလုပ်ငန်းများကြောင့် ပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှု မရှိစေရေးကိစ္စရပ်များကိုလည်းကောင်း၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး ဦးတင်မောင်ဌေးက စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲရေးနှင့် မြို့သန့်ရှင်း သာယာလှပရေးအတွက် ပြည်သူများ ပူးပေါင်းပါဝင်လာစေရေး ကိစ္စရပ်များအားလည်းကောင်း၊ ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ဆန်းနိုင်က မီးခိုးမြူငွေ့ အန္တရာယ် တားဆီးကာကွယ်ရေးကိစ္စရပ်များအားလည်းကောင်း အသီးသီး ‌‌ဟောပြောဆွေးနွေးခဲ့ကြရာ တက်ရောက်လာသူများကလည်း သိရှိလိုသည်များအား ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ပြည်နယ်ပြန်/ဆက်