ပူတာအိုမြို့၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၂၄ နာရီ Help Line ဝန်ဆောင်မှု (၁၅၆၆)ဆိုင်းဘုတ် စိုက်ထူ

ပူတာအို နိုဝင်ဘာ ၂၆

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အနေဖြင့်  ၂၄ နာရီ Help Line ဝန်ဆောင်မှု(၁၅၆၆) ဆိုင်းဘုတ်စိုက်ထူခြင်း အခမ်းအနားကို နိုဝင်ဘာ(၂၅) ရက် နံနက်(၉) နာရီခွဲက ပူတာအိုမြို့ မြို့မရပ်ကွက်ရှိ မြို့မဈေးရှေ့နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လမ်းဆုံ၌ ကျင်းပသည်။

ရှေးဦးစွာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၅၆၆)ဆိုင်းဘုတ်အား ပူးပေါင်းစိုက်ထူကြပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးထွန်း၊ အတွင်းရေးမှူး ခရိုင်ရဲတပ်ဖွဲ့မှူး ယာယီဒုတိယ ရဲမှူးကြီး သန်းနိုင်၊ ခရိုင်လဝကမှူး ဦး​​ငွေမိုး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်လွင်တို့က ဆိုင်းဘုတ်အား အမွေးနံ့သာရည်ပက်ဖြန်းပေးကြသည်။

အဆိုပါ ဆိုင်းဘုတ်တွင် ပဋိပက္ခဖြစ်စဉ်အတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ လက်နက်ကိုင် ပဋိပက္ခအတွင်း သေကျေထိခိုက်ဒဏ်ရာရစေမှုနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ၊ အိမ်တွင်းအကြမ်းဖက်၊ သက်ငယ်မုဒိန်းမှု၊ ကျား၊ မ အခြေပြုအကြမ်းဖက်မှု၊ ကလေးသူငယ်မသန်မစွမ်း၊ သက်ကြီးရွယ်အိုကိစ္စရပ်များဖြစ်ပွားလာပါက ၂၄ နာရီ Help Line ဝန်ဆောင်မှု(၁၅၆၆)သို့ တိုင်ကြားနိုင်ပြီး တိုင်ကြားမှုများအား ဥပဒေအရ စိစစ်အရေးယူဆောင်ရွက်နိုင်ရေး အကူအညီပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)