နောင်မွန်းမြို့နယ် ရွေးကောက်ပွဲဆိုင်ရာစွမ်းရည်မြှင့်သင်တန်း ဖွင့်လှစ်

နောင်မွန်း နိုဝင်ဘာ ၂၇

ကချင်ပြည်နယ် ပူတာအိုခရိုင် နောင်မွန်းမြို့နယ်တွင် မြို့နယ်လုံးကျွတ်မဲပေးနိုင်ရေးနှင့် ရွေးကောက်ပွဲကြီးစနစ်တကျဖြင့် ချောမွေ့လွယ်ကူအောင်မြင်စွာပြီးမြောက်နိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ကကြီးမှူး၍ ရွေးကောက်ပွဲဆိုင်ရာစွမ်းရည်မြှင့်သင်တန်းဖွင့်ပွဲကို နိုဝင်ဘာလ ၂၇ ရက်နံနက် ၉ နာရီတွင် ဝဏ္ဏကျော်ထင်ဦးဂူရှင်ဖုန်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနမ်ရဲမင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဆန်လုံဖုန်ဆားရ်က သင်တန်းပို့ချရခြင်း၏ရည်ရွယ်ချက်များနှင့် ရွေးကောက်ပွဲအောင်မြင်ရေးအတွက် ကဏ္ဍပေါင်းစုံမှ ပူးပေါင်း‌ဆောင်ရွက်ရန် အရေးကြီး‌ကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက်သင်တန်းတွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်လုပ်ငန်း လမ်းညွှန်ချက်ပါအ‌ကြောင်းအရာများ၊ အီလက်ထရောနစ်မဲပေးစက်ဆိုင်ရာလုပ်ငန်းစဉ်များ၊ မဲပေးချိန်အတွင်း ထိန်းချုပ်စက်ကိုင်တွယ်နည်းနှင့် မဲရေတွက်ချိန် ထိန်းချုပ်စက်ကိုင်တွယ်နည်းများကို မြို့နယ်‌ကော်မရှင်အဖွဲ့ခွဲရုံးမှ ‌‌မြို့နယ်‌ရွေးကောက်ပွဲအရာရှိ ဦးထူးအာကာ‌ကျော်နှင့် ဒုတိယဦးစီးမှူး ဦးခေါ်ဒုဆင်ဆားရ်တို့က ပရိုဂျက်တာဖြင့် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။ 

အဆိုပါသင်တန်းတွင် နောင်မွန်းမြို့နယ်အတွင်ရှိ မဲရုံ (၂၁) ရုံမှမဲရုံမှူးများ၊ဒုမဲရုံမှူးများနှင့် ရပ်ကွက်ကျေးရွာအုပ်စုကော်မရှင်အဖွဲခွဲများ စုစုပေါင်း (၈၀) ဦးတို့ကို စာတွေ့လက်တွေ့ ရှင်းလင်းဆွေးနွေးပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)