ခေါင်လန်ဖူးမြို့၌ ရပ်ကွက်/ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများနှင့် မဲရုံမှူးများ၊ ဒုတိယမဲရုံမှူးများ၊ မဲရုံအဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းဖွင့်

ခေါင်လန်ဖူး နိုဝင်ဘာ ၂၈

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများနှင့် မဲရုံမှူးများ၊ ဒုတိယမဲရုံမှူးများ၊ မဲရုံအဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီက မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးနိုင်လင်းဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးခေါင်ဆင်က မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် အဖွဲ့ဝင်များ၏ အခန်းကဏ္ဍများကို ရှင်းလင်းပြောကြားကာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးနန်ဇေ့ဖုန်ဂါရမ်က ရွေးကောက်ပွဲဆိုင်ရာကိစ္စများနှင့် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းတွင် မြို့နယ်ကော်မရှင်အဖွဲ့ခွဲမှ ဦးစီးအရာရှိ ဦးနန်ဇေ့ဖုန်ဂါရမ်နှင့် ဒုတိယဦးစီးမှူး ဦးရဲလင်းတို့က နိုဝင်ဘာ(၂၈)ရက်မှ (၂၉) ရက်နေ့အထိ သင်တန်းကာလနှစ်ရက်ကြာ ရပ်ကွက်/ ကျေးရွားအုပ်စုကော်မရှင်အဖွဲ့ခွဲများ၊ မဲရုံမှူး၊ဒုတိယမဲရုံမှူးများ စုစုပေါင်း(၁၀၆)ဦးအား ရွေးကောက်ပွဲဆိုင်ရာများနှင့် မဲရုံတွင် ဖြည့်သွင်းရမည့်ဇယာများကို သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)