မချမ်းဘောမြို့နယ်တွင် ပြည်သူများ မဲစာရင်းကျန်ရှိမှုမရှိစေရေး မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေး

မချမ်းဘော နိုဝင်ဘာ ၂၉

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် မချမ်းဘောမြို့နယ်တွင် မကြာမီကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကော်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းတွင်ပါဝင်နိုင်ရေးနှင့် အချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိစေရေးတို့အတွက် ယနေ့နံနက် ၁၀ နာရီက မချမ်းဘောမြို့ အမှတ်(၃)ရပ်ကွက်တွင် သက်ဆိုင်ရာတာဝန်ရှိသူများက တစ်အိမ်တက်တစ်အိမ်ဆင်း လိုက်လံကွင်းဆင်း ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ကာတွင် မြို့နယ်မြေပြင်တစ်အိမ်တက်တစ်အိမ်ဆင်း ကွင်းဆင်းစိစစ်ရေးအဖွဲ့များနှင့် သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များပူးပေါင်း၍ အိမ်ထောင်စုလူဦးရေစာရင်းတွင်ပါဝင်သည့် အမည်စာရင်းနှင့် မဲစာရင်းတွင် ပါဝင်သည့်အမည်စာရင်းမှန်၊ မမှန်၊ မဲစာရင်း၌ မိမိအမည်မပါဝင်ပါက ပုံစံ(၃)ဖြင့်လည်းကောင်း၊ မဲစာရင်းတွင် မပါဝင်သင့်ဘဲပါဝင်နေပါက ပုံစံ(၄)ဖြင့်ကန့်ကွက်ခြင်း၊မဲစာရင်းပါအချက်အလက်များ မှားယွင်းနေပါက ပုံစံ(၄/ဂ)ဖြင့်ပြင်ဆင်လွှာတင်သွင်းခြင်းများကို တစ်အိမ်တက်တစ်အိမ်ဆင်း ကွင်းဆင်းစစ်ဆေးလျက်ရှိသည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာသို့ မြေပြင်ကွင်းဆင်းကောက်ယူရေးအဖွဲ့(၃)မှ အဖွဲ့ခေါင်းဆောင် ဦးဟီးရဲ့ဆဲနှင့်အဖွဲ့ဝင်များ၊ အမှတ်၃ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဆန်ဒေါင်းဖုန်ရာနှင့် ရပ်ကျေးကော်မရှင်အဖွဲ့ဝင်များ၊ ကြီးကြပ်သူ ဒေါ်နီနီလွင်တို့ ပူးပေါင်း၍ မဲစာရင်းကျန်ရှိမှုမရှိစေရေး တစ်အိမ်တက်တစ်အိမ်ဆင်း လိုက်လံကွင်းဆင်း ကောက်ယူလျက်ရှိကြောင်း သိရသည်။

ယောရွှေနီ(မချမ်းဘော)