ကော့ကရိတ် ဒီဇင်ဘာ ၁
ကရင်ပြည်နယ်သာသနာ့နုဂ္ဂဟအသင်းဥက္ကဋ္ဌ ဘာသာပေါင်းစုံချစ်ကြည်ရေးနာယက ဦးစောမုတ်သုန်နှင့် ၇ ရက်သားသမီးများစုပေါင်း၍ ကော့ကရိတ်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း ၂၁ ကျောင်းမှ သံဃာတော်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ယာယီနေရပ်စွန့်ခွာ မိသားစုများအား ဆန်နှင့်အမယ်စုံပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို နိုဝင်ဘာ ၃၀ ရက်နေ့မွန်းလွဲပိုင်းက အမှတ်(၃)ရပ်ကွက်၊ ပန်းခြံလမ်းရှိ အားက စားခန်းမ၌ ပြုလုပ်ကျင်းပရာ ဘုန်းတော်ကြီးကျောင်း ၂၁ ကျောင်းမှ သံဃာတော်/သီလရှင်များ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ အလှူရှင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများ စုစုပေါင်း (၃၀၀)ဦးတက်ရောက်ကြောင်း သိရသည်။
အခမ်းအနားကို နမောတဿ ၃ကြိမ်ရွတ်ဆို၍ဖွင်လှစ်ခဲ့ပြီး မြို့မကျောင်းတိုက်ဆရာတော် ဉူးသောဘနထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး အလှူရှင်ဦးစောမုတ်သုန်က လှူဒါန်းမှုနှင့်ပတ်သက်၍ ဆရာတော်များထံ တင်ပြလျှောက်ထားခဲ့ရာ ကြွရောက်လာသောပင့်သံဃာများနှင့် သီလရှင်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ဆက်လက်၍ ဌာနဆိုင်ရာဝန်ထမ်း(၄၉၀)ဦးနှင့်ယာယီနေရပ်စွန့်ခွာ မိသားစု အိမ်ခြေလက်ကျန် (၃၂၄)အိမ်အတွက် ဆန်(၆)ပြည်အိတ်နှင့် အမယ်စုံပစ္စည်းများကို သက်ဆိုင်ရာတာဝန်ရှိသူများထံပေးအပ်ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်ဦးက လှူဒါန်းမှုအတွက် ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး အလှူရှင်များနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)