သံတောင်ကြီး ဒီဇင်ဘာ ၁
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ကရင်နှစ်သစ်ကူးနေ့အထိမ်းအမှတ် ရပ်ကွက်/ကျေးရွာပေါင်းစုံ အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲကို ဒီဇင်ဘာ ၁ ရက်နေ့ နံနက် ၈ နာရီက သံတောင်ကြီးမြို့ အမှတ်(၂)ရပ်ကွက်ရှိ အားကစားကွင်း၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဦးစွာ ရှင်ဂျော့ဂျာက်အသင်းတော်မှ ဆရာတော်တင်အုန်းမှအဖွင့်ဆုတောင်းပေးပြီး အမှာစကားပြောကြားခဲ့သည်။ ထို့နောက်ဖွင့်ပွဲ ပွဲစဉ်အနေဖြင့် ရပ်ကွက်(၁)နှင့် တောပြာကြီးကျေးရွာတို့က ယှဉ်ပြိုင်ကစားခဲ့ရာ တောပြာကြီးကျေးရွာအသင်းက ရပ်ကွက်(၁)အသင်းအား(၃-၂)ဂိုးဖြင့်အနိုင်ရခဲ့ကြောင်း ပြိုင်ပွဲတွင်မြို့ ပေါ်ရပ်ကွက်နှင့်ကျေးရွာများက ပြိုင်ပွဲဝင်အသင်း(၂၂)သင်းဖြင့် ဒီဇင်ဘာလ(၁)ရက်မှ(၁၉)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
နော်နော်မူ