ရေတာရှည်မြို့နယ်တွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ မွမ်းမံသင်တန်းဖွင့်လှစ်

ရေတာရှည် ဒီဇင်ဘာ ၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် မြို့တော်ခန်းမ၌ ယနေ့နံနက်(၉)နာရီက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ မွမ်းမံသင်တန်းဖွင့်လှစ်ခဲ့သည်။

အဆိုပါ သင်တန်းကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဒေါ်ထက်ထက်ကျော် ဦးစီးအရာရှိနှင့်အဖွဲ့ဝင်များက မဲရုံမှူး၊ ဒုမဲရုံမှူးနှင့်မဲရုံဝန်ထမ်းဆောင်ရွက်ရမည့် လုပ်ငန်းလမ်းညွှန်မှုများကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး MEVMစက်ဖြင့် မဲပေးပုံမဲပေးနည်းများကို လက်တွေ့သရုပ်ပြခြင်း၊ ပြန်လည်ဆွေးနွေးခြင်းများဖြင့် အပတ်စဉ်သောကြာနေ့တိုင်း တစ်ရက်တာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်​ပြီး သင်တန်းသား (၂၂၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

  မြို့နယ်(ပြန်/ဆက်)