ကြို့ပင်ကောက် ဒီဇင်ဘာ ၁
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် မီးသတ်ဦးစီးဌာနတွင် ပွင့်လင်းရာသီမီးဘေးအန္တရာယ်နှင့် သဘာဝဘေးကူညီကယ်ဆယ်ရေးပစ္စည်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကာ်မတီဥက္ကဋ္ဌ ဦးဆောင်သော တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။
မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကာ်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မင်းက ပွင့်လင်းရာသီ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများအားအသိပေးလှုံ့ဆော်ရေး လုပ်ငန်းများဆောင်ရွက်ရန်၊ မြို့မဈေး မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ဆေးဗူးများအားစစ်ဆေးဆောင်ရွက်သွားရန် မီးငြိမ်းသတ်ရေးကြိုတင်ဇာတ်တိုက်လေ့ကျင့်ထားရန် မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် လူအသင့်၊ စက်အသင့်၊ ဆီအသင့်၊ ရေအသင့် ဆောင်ရွက်ထားရန်တို့ကို မှာကြားခဲ့သည်။
ကြို့ပင်ကောက်မြို့နယ် မီးသတ်ဦးစီးဌာနမှ သဘာဝဘေးကြိုတင်ကာကွယ်ရေးအတွက် တပ်ဖွဲ့ဝင်အင်အား ၃၂ ဦး မီးငြိမ်းသတ်ယာဉ် ၅ စီး ရေသယ်ယာဉ် ၄ စီးနှင့် သဘာဝဘေးကူညီကယ်ဆယ်ရေးပစ္စည်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိကြာင်း သိရသည်။
ဇေယျာထွန်း (ပြန် ဆက်)