သဲကုန်း ဒီဇင်ဘာ ၁
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် အခြေခံပညာဆရာ/ ဆရာမများအတွက် သာတူညီမျှမှုကိုအခြေခံသောဆရာအတတ်ပညာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး အညွှန်းကောင်းဆိုင်ရာအရည်သွေးမြှင့်(မြို့နယ်အဆင့်) ဆင့်ပွားသင်တန်းကို ယမန်နေ့က အခြေခံပညာအထက်တန်းကျောင်း(သဲကုန်း)တွင် ဖွင့်လှစ်ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်မသန်းစိန်က အဖွင့်အမှာစကားပြောကြား၍၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးကျော်သူဝင်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ သင်တန်းကို အခြေခံပညာဆရာ/ဆရာမများအနေဖြင့် ပညာရေးပြုပြင်ပြောင်းလဲမှုများ၊ ပညာသင်ယူမှုအခွင့်အလမ်း၊ အခြေခံပညာသင်ရိုးညွှန်းတမ်း၊ ဆရာအတတ်ပညာနှင့်စီမံခန့်ခွဲမှု၊ ဆရာ့အတတ်ပညာဆိုင်ရာအခြေခံမူများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်၊ အခြေခံပညာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆောင်ရွက်ရာတွင် ကျောင်းနေအရွယ်ကလေးများအားလုံး အရည်အသွေးပြည့်ဝသော အခြေခံပညာသင်ယူမှုအခွင့်အလမ်းများကို သာတူညီမျှရရှိရေးနှင့် ဆရာများ၏ အရည်အသွေးမြင့်မားစေရန်ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ပြီး၊ သင်တန်းနည်းပြ(၇)ဦးမှ သင်တန်းသား/သင်တန်းသူ (ထက်၊လယ်၊မူကျောင်းအုပ်ကြီး) စုစုပေါင်း (၁၈၀) ဦးအား နိုဝင်ဘာလ(၂၉) ရက်နေ့မှ (၃၀) ရက်နေ့အထိ စာတွေ့/လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြောင်းသိရှိရသည်။
ကိုကျော် (ပြန်/ဆက်)