နတ်မောက် ဒီဇင်ဘာ ၁
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ တောင်သူပညာပေးကွင်းသရုပ်ပြပွဲကို ယမန်နေ့နံနက်၁၀ နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးရှိ စပါးစမ်းသပ်ကွက်များတွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါကွင်းသရုပ်ပြပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းနိုင်ဦး၊ မြို့နယ်ကြေးတိုင်းနှင့်မြေစာရင်းဦးစီးဌာန ဦးစီးအရာရှိ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ဖိတ်ကြားထားသည့်ဌာနဆိုင်ရာများနှင့် စိုက်ပျိုးရေးတောင်သူများ တက်ရောက်ခဲ့ကြရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိက ရေသွင်းစိုက်ပျိုးခြင်းဖြင့် စပါးသီးနှံများ အထွက်နှုန်းအပေါ် အကျိုးသက်ရောက်မှုသုတေသနစမ်းသပ်ကွက်များအား လိုက်လံပြသခြင်းနှင့်စိုက်ပျိုးမှုများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသည့် တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးရေးဆိုင်ရာလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
လှဝင်း