လိပ်သို ဒီဇင်ဘာ ၁
ဒေသနေပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ဆိုးကျိုးများကို သိရှိနိုင်စေရန်ရည်ရွယ်၍ ကရင် ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့နံရံကပ်ပြဘုတ်၍ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်ကို ဒီဇင်ဘာ ၁ ရက်နေ့ နံနက်ပိုင်းက ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးနံရံကပ်စာစောင်တွင် ဘိန်းနှင့် မူးယစ်ဆေးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ အန္တရာယ်များ၊ စိတ်ကြွဆေးပုံစံအမျိုးမျိုး၊ ဘိန်းသီးမှ ဘိန်းဆီခြစ်ယူပုံ၊ စွဲစေတတ်သော မူးယစ်ဆေးဝါးအုပ်စုများ၊ မြန်မာနိုင်ငံသို့ ဘိန်းစတင်ရောက်ရှိလာပုံ၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ရုပ်ပြကာတွန်းများ စသည့် အကြောင်းအရာများကို ပြသထားရှိရာ ဒေသနေပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုလေ့လာ မှတ်သားခဲ့ကြကြောင်း သိရသည်။
ဒေသနေပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရန်အတွက် လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လစဉ်အခါအားလျော်စွာ အသိပညာပေး နံရံကပ်စာစောင်များကို ပြသဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နော်ဖလောရင်း