ပခုက္ကူမြို့နယ်၌ မဲရုံမှူး၊ ဒုမဲရုံမှူးသင်တန်းဖွင့်လှစ်ပို့ချ

ပခုက္ကူ ဒီဇင်ဘာ ၁

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒုမဲရုံမှူးသင်တန်းကို ယနေ့နံနက် ၉ နာရီအချိန်က ပခုက္ကူမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြဧရာ(၁) ခန်းမ၌ ဖွင့်လှစ်ပို့ချသည်။

သင်တန်းတွင် ပခုက္ကူခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်ချိုခိုင်ဦးက အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲရုံး ဦးစီးအရာရှိ ဒေါ်သီတာအေးက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်များအကြောင်း ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်မှ ၂ ရက်အထိဖြစ်ပြီး ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပစဉ်ကာလအတွင်း တာဝန်ကျထမ်းဆောင်မည့် မဲရုံမှူး/ဒုမဲရုံမှူး(၁၈၄)ဦးတို့အား မဲရုံတစ်ရုံ၏တစ်နေ့တာ လုပ်ငန်းတာဝန်များနှင့်စပ်လျဉ်း၍ သင်ကြားပို့ချပေးခြင်းဖြစ်ကြောင်း သိရသည်။

ကယ်ရီမောင်