နတ်မောက်မြို့၌ ကျောင်းသား/သူလေးများ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ

နတ်မောက် ဒီဇင်ဘာ ၁

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် မူလတန်းအဆင့် ကျောင်းသား/သူလေးများအား စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ အနာဂတ်တွင် အသိပညာဗဟုသုတကြွယ်ဝသည့် လူငယ်၊ လူရွယ်များဖြစ်လာစေရန်၊ စိတ်လက်ပေါ့ပါးပျော်ရွှင်စေရန်ရည်ရွယ်၍ စာဖတ်စွမ်းရည်ပြိုင်ပွဲကို ကျင်းပခဲ့ရာ ပြိုင်ပွဲတွင် ကျောင်းသား/သူလေးများက မိမိတို့နှစ်သက်သည့် ခေါင်းစဥ်များဖြင့် ယှဥ်ပြိုင်ခဲ့ကြရာ ပြိုင်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်သည့် ကျောင်းသား/သူလေးများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဆုများ ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

လှဝင်း