မကွေး ဒီဇင်ဘာ ၁
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ ပိုမိုပါဝင်မဲပေးနိုင်ရေးအတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ရွေးကောက်ပွဲအောင်မြင်ရေးလှုံ့ဆော်မှုအစီအစဉ်များကို မကွေးမြို့တွင် ယနေ့နံနက်ပိုင်းမှ စတင်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် “ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့” စာတမ်းပါ (၂၁' × ၉') အရွယ်အစားရှိ Billboard များအား မကွေးမြို့ တောင်တွင်းလမ်းနှင့် မြို့ပတ်လမ်းထောင့် ကြာပန်းအဝိုင်းအနီးနှင့် ဗိုလ်ချုပ်လမ်း၊ ဧရာဝတီ(မကွေး)တံတားအဆင်းရှိ လမ်းမကြီးတွင်လည်းကောင်း၊ “ဒို့အတူတူမဲပေးကြမယ်” စာသားပါ (၂'×၅')အရွယ်အစားရှိ ဗီနိုင်းများအား လူစည်ကားသည့် ဈေးဝယ်စင်တာ (၄)နေရာတွင် ချိတ်ဆွဲထားပြီး ရွေးကောက်ပွဲတွင် ပြည်သူများ ပိုမိုစိတ်ပါဝင်စားစွာ ဆန္ဒမဲပေးနိုင်ရေး လှုံ့ဆော်ဆောင်ရွက်ထားကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)